အနုပညာလောကမှာ ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ဆယ်စုနှစ် တစ်ခုတိုင် အောင် အောင်မြင်ကျော်ကြားနေဆဲဖြစ်တဲ့ အနုပညာရှင်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ လူပျိုကြီး စိုင်းစိုင်းက အမြဲတမ်း ကဗျာဆန်ဆန် စာသားလေးတွေကို သူ့ရဲ့လူမှုကွန်ယက်မှာ ရေးပြီးတင်လေ့ရှိပါတယ် ။ သူ့ရဲ့စာသားလေးတွေက ပရိသတ်တွေကြားမှာ ရေပန်းစားပြီး လူသိများတဲ့ အလန်းစား စာသားလေးတွေပါဘဲနော် ။

မကြာသေးမီကမှ စိုင်းစိုင်းတစ်ယောက်

" ကျုပ်က ရှေးအဘိုးကြီးဗျ

ဖုန်းဆက်တဲ့ခေတ်က လာခဲ့တာ

Message တွေချည်းမပို့ပါနဲ့

အီမိုဂျီတွေနားမလည်ပါ

ဒိတ်အောက်တယ်ပဲပြောပြော

ခေတ်နောက်ကျတယ်ပဲဆိုဆို

တကယ်နားနဲ့ဆတ်ဆတ်ကြားမှ

နှလုံးသားက နိုးထတာ " ဆိုတဲ့ အမိုက်စား စာသားတစ်ခုကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားခဲ့ပါတယ် ။ စိုင်းစိုင်းရေးထားတဲ့ ပို့စ်အောက်မှာတော့ ရေဝတီလို့ပရိသတ်တွေလူသိများတဲ့ " ပဉ္စလတ်ရွာ " ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး နန်း စန္ဒာလှထွန်းက " Love u Sai Sai Khan Leng " ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့တာကြောင့် စိုင်းစိုင်းရဲ့ မိန်းကလေး ပရိသတ်တွေကြားမှာ ဂယက်ထခဲ့ပါတယ် ။

အနုပညာရှင်အချင်းချင်း စနောက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စိုင်းစိုင်းကို အမြဲတမ်း troll နေတဲ့ troller တွေကြားမှာတော့ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ် ။ ခု ပုရိသတွေရဲ့အသည်းကျော်လေး နန်းစန္ဒာလှထွန်းရဲ့ comment တစ်ခုကြောင့် ပရိသတ်တွေ အနေနဲ့ စိတ်ဝင်တစားဖြစ်နေကြတာဘဲ ဖြစ်ပါတယ် ။ စိုင်းစိုင်းရဲ့ မိန်းကလေး ပရိသတ်တွေနဲ့ နန်းစန္ဒာလှထွန်းရဲ့ ပရိသတ်တွေအတွက် တော့ ဘာများလဲဆိုတဲ့ စိတ်လှုတ်ရှားစရာ ကိစ္စတစ်ခုပါဘဲ ပရိသတ်ကြီးရေ ..။

Source : Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။