မကြာသေးခင်က ဓါတ်လိုက်သေဆုံးခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ် ဓာတ်လိုက်သေဆုံးသွားတဲ့ကလေးငယ်လေးရဲ့ သတင်းဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ နေရာယူခဲ့ပါတယ် ။ အမှန်တကယ် မပြည့်စုံတဲ့ မိသားစု ဘ၀ အခြေအနေမှာ အချိန်မတန်ခင်ကြွေလွင့်ခဲ့ရတဲ့ သားငယ်လေး အတွက် တနိုင်ငံလုံး က စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ နောက်ပိုင်းမှာ ဒီ ကလေးငယ်လေးရဲ့ မိသားစု ဝင်တွေကို ထောက်ပံ့မှုတွေပြုလုပ်ပေးတဲ့သူတွေလည်းပေါ်ပေါက်လာခဲ့တာပါ

ပြည်သူတွေထဲက ပြည်သူချစ်အနုပညာရှင်တွေလည်း သွားရောက်လှူဒါန်းနေကြရာမှာ သဘင်၊ ရုပ်ရှင်နယ်ပယ်ထဲက လူတွေသွားရောက်လှူဒါန်းဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။အလင်းရောင် နဲ့ ဟန်ဇာမိုးဝင်းတို့အဖွဲ့ သွားရောက်လှူဒါန်းခဲ့တဲ့ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတာပါ ၊" တောင်ဥက္ကလာပမြို့နယ် ဓာတ်လိုက်သေဆုံးသွားတဲ့ကလေးငယ်လေးရဲ့ မိသားစုတွေကို စာနာအားပေးမှုဖြင့်နိုင်သလောက်လေးတွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်၊စုစုပေါင်းအလှူငွေ ( ၂၃ သိန်း ၅ သောင်း ) ကျပ်ပါခင်ဗျာ၊၊အားလုံးသာဓုခေါ် ကုသိုလ်ယူ ပါဝင်နိုင်ပါတယ်ဗျဒီအလှူလေးဖြစ်မြောက်အောင် ဦးစီးပေးခဲ့တဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်" လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အနုပညာရှင်တွေအနေနဲ့ အရေးကြုံရင် ကြုံသလို ပြည်သူတွေရဲ့ ကွက်လပ်လေးတွေကိုဖြည့်ဆည်းပေးနေတာကတော့ ချစ်စရာကောင်းတဲ့အလေ့အထလေးဘဲဖြစ်ပါတယ်။ကိုဝိုင်း နဲ့. မဖွေး ကတော့ ရိုက်ကူးရေးနဲ့ နယ်ရောက်နေလို့၊မလိုက်ပါဖြစ်ခဲ့ပါဘူးလို့ဆိုပါတယ်။ လိုအပ်နေတဲ့သူတွေကို ပေးကမ်းစွန့်ကြဲတာဟာ မင်္ဂလာတရားတော်နဲ့လည်းညီတာမို့ မှတ်ချက်မှာ သာဓုအနုမောဒနာ ခေါ်ပေးပါဦးနော်။

Source - Min Set Thit+ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။