အားလုံးကချစ်ခင်ရတဲ့ ချစ်စရာအမွှာသမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေချစ်သုဝေကတော့ ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း သမီးလေးတွေအတွက် တာဝန်ကျေတဲ့မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ကြိုးစားနေပါတယ်..။

သမီးလေးတွေအတွက် အကောင်းဆုံးကြိုးစားနေတဲ့အကြောင်းလေးကိုလည်း ချစ်သုဝေက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားပြီး ဖြစ်ပါတယ်..။

“Trezaဘဝဟာ သိပ်ရိုးရှင်းလွန်းပါတယ်..

ကိုယ့်အတွက်ထက် သမီးလေးတွေအတွက် ရှင်သန်ဖြစ်တယ်..ကိုယ်ပိုင်carrier lifeတစ်ခုကို စွန့်လွှတ်လုနီးပါးနဲ့ အမွှာသမီးလေးတွေမေမေအနေနဲ့ နေတယ်..

သောက်ရတဲ့ဆေးအရှိန်တွေကြောင့် ခြေလက်တွေနုန်းနေလည်း သမီးလေးတွေဇောနဲ့ Treza လန်းဆန်းနေပါတယ်..

၁နှစ်ကျော်အရွယ် "တစ်စက်မငြိမ်သမီးလေး၂ယောက်" ကို စောင့်ရှောက်ထိန်းသိမ်းရတာ တစ်ခါတစ်ခါ စိန်ခေါ်မှုများစွာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်တွေရှပ်ထွေးနေပေမယ့် သူတို့လေးတွေငယ်ဘဝ စိတ်ရောကိုယ်ရော ကျန်းမာနွေးထွေးဖို့ Trezaအားတွေရှိနေပါတယ်..ကြိုးစားနေပါတယ်..” ဆိုပြီး ရေးသားရင်ဖွင့်ထားတာ တွေ့ရပါတယ်..။

တချို့အချိန်တွေမှာ လွတ်လွတ်လပ်လပ်နဲ့ကိုယ်ပိုင်အချိန်တွေကို လိုချင်မိပေမယ့်လည်း ရလာတဲ့အဃွင့်အရေးတွေကိုတောင် သမီးလေးတွေစိတ်နဲ့ အမြဲလက်လွှတ်မိတယ်ဆိုလို့ သမီးလေးတွေအတွက် မိခင်တစ်ယောက်ရဲ့မေတ္တာစေတနာတွေကိုလည်း ကြည်ကြည်နူးနူးလေး ပြောပြထားပါသေးတယ်..။

“တစ်ခါတစ်ခါကိုယ်ပိုင်အချိန်တွေကို တစ်မက်တစ်မောလိုချင်ပေမယ့် ရဖို့ကြုံလာတာတောင် စိတ်မဖြောင့်နိုင်ပဲ လက်လွှတ်မိတာချည်းပဲဖြစ်နေတတ်ပါတယ်..

တဖြည်းဖြည်းအသားကျလာမယ်ထင်တဲ့ """အမေတစ်ယောက်စိတ်ဟာ ကလေးတွေအရွယ်အရ တဖြည်းဖြည်း ပိုပို ပူလောင်လာရတာပါပဲ..” လို့ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

အနုပညာရှင်ဆယ်လီတစ်ယောက်ဖြစ်တဲ့ မေမေချစ်သုဝေကတော့ အလှတွေမပြင်နိုင်ပေမယ့်လည်း သမီးလေးတွေအတွက်အမြဲစဉ်းစားပေးနေပြီး သမီးလေးတွေရဲ့အပြုံးလေးတွေနဲ့ ရယ်သံလေးတွေကလည်း သူမအတွက်ဘာနဲ့မှမတူတဲ့ အားဆေးလေးတွေပါပဲလို့လည်း ပြောပြထားပါသေးတယ်..။

“ခုတော့...ဖောနေတဲ့မျက်နှာ,,,..ရွှဲနေတဲ့ဗိုက်..,,တွန့်ကြေမွတဲ့ဆံပင်.(မှန်တောင်မကြည့်ရဲ),.မိသားစုကိုချစ်တဲ့နှလုံးသား.,,..အချိန်ပြည့် ဘယ်လိုကျွေးရမလဲ ဘယ်လိုနည်းနဲ့သမီးလေးတွေလိမ္မာအောင်ချည်းကပ်ရမလဲ ဘာလေးတွေသူတို့အတွက်ဖန်တီးပေးမလဲ...စတာတွေသာတွေးနေတဲ့ ဦးနှောက်တစ်ခုရယ်,,..နဲ့Treza တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းနေပါတယ်..

သူတို့အပြုံးလေးတွေ..ရယ်သံလေးတွေ..အမေကိုတွယ်ကပ်နေတာတွေက ဘာနဲ့မှမတူတဲ့အားတွေပေးထားတယ်ထင်ပ..နို့မို့ဆို..လဲနေလောက်ပြီလေ..

အမေတွေအားလုံးကိုဂုဏ်ပြုလျှက်..” ဆိုပြီးတော့လည်း ချစ်စဖွယ်ရေးသားထားတာလည်း တွေ့ရပါတယ်..။

ချစ်ရတဲ့ပရိသတ်တွေကလည်း သမီးလေးတွေအတွက် မိခင်ကောင်းတစ်ယောက်အဖြစ်ကြိုးစားနေတဲ့ မေမေချစ်သုဝေအတွက် အားပေးစကားလေးတွေကို ပြောပေးသွားပါဦးနော်..။

Photo - ခ်စ္သုေဝ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။