ဒီအဖြစ်အပျက်လေးကတော့ ဇွန်လ ၁၄ ရက်နေ့က ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့က သမ္မတအိမ်တော်အနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်ပွားခဲ့တာကတော့ ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့က သမ္မတအိမ်တော်အနီးမှာ ကားဗုံးဖောက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ဖြစ်ပွားခဲ့မှုအပေါ်မှာတော့ အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေပြောပြချက်အရ သိရပါတယ်။

ဒီအဖြစ်အပျက်မှာ သေဆုံးခဲ့တဲ့သူတွေထဲက ၅ဦးဟာ တိုက်ခိုက်သူတွေလို့သိရပါတယ်။အခင်းဖြစ်ချိန်မှာတော့အနီးအနားမှာ ရှိနေသူတွေကတော့ သေနတ်သမားနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတယ်လို့လည်းသိရပါတယ်။

မကြာသေးခင်မှာပဲ အရှိန်နဲ့မောင်းလာတဲ့ ကားတစင်းဟာ ငြိမ်းချမ်းရေးပြည်သူ့ ပန်းခြံအဝင်ဝမှာ ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။နောက်ထပ်ကားဗုံးတလုံးကတော့ ငြိမ်းချမ်းရေးပန်းခြံနဲ့ SYL ဟိုတယ် အနီးနားမှာ ပေါက်ကွဲခဲ့တယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။