နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်တစ်ယောက် ဥရောပနိုင်ငံတွေကို အပျော်ခရီးထွက်နေတာပဲဖြစ်ပါတယ်။ လှပလွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေ အတွက် အမြဲလိုလိုတင်ပေးနေတာပဲဖြစ်ပါတယ်။ သူမကို " မိုင်တိုင် 76 " ဆိုတဲ့ သရဲဇာတ် ကားမှာ ပရလောကသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိ ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အလားတူ ပရလောကဇာတ်ကားတွေ ရိုက်ကူး ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။

အဆိုတော်ယုန်လေးနဲ့တွဲဖက်သီဆိုတဲ့ " လက်ဆောင် " ဆိုတဲ့သီချင်းလေးဟာလည်း ပရိတ် သတ်တွေအားပေးကြမ်းခဲ့တဲ့ Romantic ဆန်ဆန် သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ 2014 ခုနှစ်တုန်းက ရုပ်ရှင်ရိုက်ကူးရင် ကျားကိုက်ခံလိုက်ရတာကြောင့် ကျားဆိပ်တက်ပြီး ရုပ်ရှင်ရိုက်ကူးတာကို ရပ်နားထားလိုက်ရတာဖြစ်ပါတယ်။ ဒီလိုအပင်ပန်းခံရိုက်ကူးထားတဲ့ " မှော်ဝင်သမာန်းကျား " ဇာတ်ကားလေးဟာ မကြာခင်မှာ ပရိသတ်တွေရှေ့ ကို ရောက်ရှိ လာတော့မှာဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာတော့ New York မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့လှပ လွန်းတဲ့ ပုံရိပ်တွေနဲ့အတူ " မိမိကြောင့်လည်းသူတပါးကို မထိခိုက်စေနဲ့ သူတပါးကြောင့် လည်းမိမိကိုမထိခိုက်စေနဲ့ အရာရာကိုထိန်းထိန်းသိမ်းသိမ်းဆင်ဆင်ခြင်ခြင်လေးနဲ့ လူ့စည်း လူ့ဘောင်ထဲမှာ လူတွေအားလုံးနဲ့ သင့်တင့် လျောက်ပတ်စွာနေတတ်ကြပါစေ ကျွန်မက တော့ မြန်မာပြည်ကိုအရမ်းလွမ်းနေတယ် ခွန်းဆင့်နေခြည် ခေတ္တ-USA " ဆိုပြီး သူမရဲ့ အတွေးအမြင်လေးကိုတင်ထားတာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေကို လည်ပတ်ပြီး အလန်း ကြီးလန်းနေတဲ့ ခွန်းဆင့်ရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Khunn Sint Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။