ကချင်တိုင်းရင်းသူ အလှမယ်လေး လီလီကျော်ခိုင်ကတော့ လက်ရှိလူမှုကွန်ယက် ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစား နေပြန်တဲ့ မော်ဒယ်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ Missပွဲတွေမှာ ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အမြဲမြင်တွေ့ရတဲ့ အလှမယ်တစ်ဦးဖြစ်ပြီး Miss World Peace Myanmar 2016 နဲ့ Myanmar Global Charity Queen 2017 ရဲ့ သ ရဖူပိုင်ရှင်လေးလည်းဖြစ်ပါတယ်။သူမကတော့ သီချင်းMTVတွေ၊ ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ အနုပညာလှုပ်ရှားတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး လက်ရှိ လူမှုစာမျက်နှာအထက်မှာဟော့ဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI mineral powder ကြော်ငြာလေးမှာလည်း ပါဝင်ထားသရုပ်ဆောင်ထားကာ ပရိသတ်တွေမျက်မှန်းတန်းမိနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ 

သူမကတော့ လက်ရှိမှာလည်း သာမာန်လူတွေအတွက် တကယ့်ကို ကြက်သီးထအသည်းယားဖို့ကောင်းတဲ့ ဓာတ်ပုံရိုက်ကူးမှုလေး တစ်ခုကို ပြုလုပ်ထားပါတယ်။သူမကတော့တကယ့်ကို သတိရှိတဲ့ အာဂသတ္တိခဲမလေးလို့ဆိုရပါမယ်နော်။အကြောင်းကတော့ တော် တော်များများ ကြောက်ကြတဲ့ မြွေအစစ်တွေနဲ့ ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ တွန့်လိမ်တွန့်လိမ်နဲ့ တကယ်ကိုအသဲယားဖို့ကောင်းတဲ့ မြွေအစစ် (၅)ကောင်နဲ့ ဓာတ်ပုံမော်ဒယ်အဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံရိုက်ကူးချိန်မှာလည်း မျက်နှာတစ်ချက်ပျက်မသွားပဲ အေးအေးဆေးဆေးရိုက်ကူးနိုင်ခဲ့တာကိုမြင်တွေ့ရပါတယ်။ 

သူမအတွက်လည်း ဒီဓာတ်ပုံရိုက်ကူးမှုဟာ အကြီးမားဆုံးသော စွန့်စားမှုတွေထဲက တစ်ခုလို့ဆိုရပါမယ်။ရိုက်ကူးချိန်မှာလည်း ကြောက်ရွံခြင်းမရှိပေမယ့် မြွေရဲ့ခေါင်းက သူမရဲ့ မျက်နှာဘက်လှည့်လှည့်လာတဲ့အခါ အရမ်းကိုအူယားခဲ့ရပါတယ်လို့ အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။သူမကတော့ ဘယ်လိုသတ္တဝါမျိုးနဲ့ပဲဖြစ်ဖြစ် အနုပညာအတွက်စိန်ခေါ်ရမယ်ဆိုရင် ရိုက်ကူးဖို့အသင့်ဖြစ် နေပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေကလည်း သူမရဲ့ အနုပညာအပေါ်အကောင်းဆုံး ကြိုးစားတဲ့စိတ် သာမာန်လူတွေလုပ်ဖို့တော် တော်လေးစဉ်စားရမယ့် မြွေတွေနဲ့ ရိုက်ကူးခဲ့ပုံတွေကိုလည်း အရမ်းကိုချီးကျူးမဆုံးဖြစ်နေကြပါတယ်။မြင်ရသူတိုင်းအသဲယားစေမယ့် မြွေတွေနဲ့ ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ မော်ဒယ်မလေးလီလီကျော်ခိုင်ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - လီလီကျော်ခိုင် 

Photo - Life Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။