ကဲ ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ အထူးပြောစရာမလိုလောက်အောင် အောင်မြင်နေတဲ့ မင်းသားချောလေးဆိုတာ ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါ။ အရပ်ရှည်ပြီး ရုပ်ရည်ချောမောကာ အပြစ်ပြောစရာမရှိတဲ့ သူက ပျိုမေလေးတွေရဲ့ အသည်းစွဲမင်းသားလေးပဲ ဖြစ်ပါတယ်။ သူက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာပြီး မော်ဒယ်တစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။

မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်လေးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့တဲ့သူမကို ပရိသတ်တွေက အားပေးချစ်ခင်ကြပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားပြီးသားဖြစ်တဲ့ သူတို့၂ယောက်ကို ခေါက်ဆွဲစားရင်း ရယ်မောပျော်ရွှင်နေကြတာတွေ့ရပါတယ်။

ကြည်နူးစရာကောင်းလှတဲ့ သူတို့ရဲ့ပုံလေးတွေကို ၂ယောက်လုံးက facebook စာမျက်နှာမှာတင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ အမှန်တကယ်ကတော့ Jan Jan Jan Japanese Ramen ခေါက်ဆွဲဆိုင်အတွက် ကြော်ငြာရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြင်ကြင်နာနာနဲ့ တစ်ယောက်ကိုတစ်ယောက် မုန့်ခွံ့ကျွေးနေကြတဲ့ ပိုင်တံခွန်နဲ့ ဖူးပွင့်တို့ရဲ့ပုံလေးတွေကို ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Source: Paing Takhon & Phoo Pwint Tha Khin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။