ပရိတ်သတ်ကြီးရေ မိတ်ကပ်လောကမှာ နာမည်ကြီး လူကြိုက်များတဲ့ မိတ်ကပ်ပညာရှင် မထက်ကိုတော့ ချစ်ပရိတ်သတ်ကြီး ချစ်မယ်ထင်ပါတယ်။မထက်ဟာ အနုပညာလောကမှာကော အပြင်လောကပါမကျန် မိတ်ကပ်လောကမှာ နာမည်ရ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာသူလေးဖြစ်ပါတယ်။သူမရဲ့ ချစ်စရာဟန်ပန်လေးနဲ့စကားပြောပုံလေးကလည်း ပရိတ်သတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။

မထက်ဟာ လွန်ခဲ့တဲ့ရက်တွေမှာဖြင့် အနုပညာရှင်အချို့နဲ့ နာမည်အကြီး အလှဆုံး ကမ်းခြေဖြစ်တဲ့Maldives ကမ်းခြေကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ အမှတ်တရ ပုံရိပ်အချို့ကိုလည်း ဖေ့ဘွတ်ပေါ်တွင်ဖော်ပြခဲ့ပါတယ်။လတ်တလောမှာလည်း သူမနဲ့အတူအနုပညာရှင်အချို့နဲ့ ပျော်ပျာ်ပါးပါးရိုက်ကူးထားတဲ့ အမှတ်တရ ပုံရိပ်များကိုတင်ထားခဲ့ပါတယ်။သာယာလှပလွန်းတဲ့ ကမ်းခြေကြီးမှာ သူတို့တွေရဲ့ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေကူးစက် ကြည်နူးမိတာအမှန်ပဲဖြစ်ပါတယ်။

မထက်ဟာ Maldives ခရီးစဉ်တစ်လျှောက် အတွေ့အကြုံများကိုလည်း သူမရဲ့ပရိတ်သတ်တွေ သိရှိစေရန် ဖေ့ဘွတ်စာမျက်နှာပေါ်တွင်လည်း ရေးသားတင်ပြထားတာကိုလည်းတွေ့ရပါတယ်။မထက်တို့ရဲ့ ပျော်ရွှင်စရာ အမှတ်တရပုံလေးတွေကိုကြည့်ပြီး အပျော်တွေကူးစက်မိတာကြောင့် ပရိတ်သတ်ကြီးပါ ကြည့်ရူ့နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။

Source:Ma Htet(Pop Soul)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။