ဇူလှိုင်လ(၁၅) ရက်နေ့ ကကျင်းပခဲ့တဲ့ 2018 FIFA World Cupရဲ့နောက်ဆုံး Final ဗိုလ်လုပွဲမှာ ခရိုအေရှားအသင်း နဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းက ရယူနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှု အတွက် ပြင်သစ်နိုင်ငံသားတွေဟာ မျက်ရည်ကျမတတ်ပျော်ရွှင် ကြည်နူးခဲ့ကြပြီး ဒီချန်ပီယံ ဆုကို ရယူနိုင်ခဲ့တဲ့ နိုင်ငံ့ ဂုဏ်ဆောင် အသင်းသားတွေအတွက် ဂုဏ်ပြုပွဲကို တနိုင်ငံလုံးက နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးနီးပါး ဟာ ပြင်သစ်အလံတွေကို ကိုင်စွဲလို့ အီဖယ်မျှော်စင် တဝိုက် စုဝေး ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီအောင်မြင်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့ မှာ တည်ရှိတဲ့ အမျိုးသားဘောလုံးကွင်းဖြစ်တဲ့ Stade de France Stadium ကွင်းမှာ ကမ္ဘာကျော် ရက်ခ်အဆိုတော် Jay-Z နဲ့ပေါ့ခ် အဆိုတော် Beyonce တို့စုံတွဲက သွားရောက်ဖျောဖြေခဲ့ကြပါတယ်။Stade de France Stadium ကွင်း ဟာ ကမ္ဘာကျော်မှာအကြီးဆုံး နံပါတ်(၈) ကွင်းကြီး ဖြစ်သလို ဒီကွင်းမှာ ခုံပေါင်း(78,338) ပါဝင်ပြီး လူပေါင်း (80000) ကျော်ဝင်ဆန့်ပါတယ်။ ဒီကွင်းကြီးရဲ့ အပြည့် ပြင်သစ်နိုင်ငံသူ၊သား များ ဒီအောင်ပွဲခံပွဲကို တက်ရောက်ခဲ့ကြသလို Jay-Z နဲ့ Beyonce တို့စုံတွဲဟာ ပြင်သစ် အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ပြီး ဂုဏ်ပြု သီချင်းသီဆိုခဲ့ပါတယ်။

Jay-Z နဲ့ Beyonce တို့စုံတွဲ နှစ်ယောက်စလုံးဟာ Carter အမည်တပ်ထားတဲ့ ကျောနံပါတ် (4) ကို တူညီဝတ်ဆင်ထားကြပြီး သူတို့ရဲ့ အမိုက်စား သီချင်းတွေနဲ့ သီဆိုဖျောဖြေခဲ့ကြပါတယ်။ ဖိုင်နယ် တက်ရောက်ခဲ့ပြီ ဆိုကတည်းက အသင်းသားတွေကို ဂုဏ်ပြုဖို့ Jay-Z နဲ့ Beyonce ကို ခေါ်ယူ ငှားရမ်းခဲ့ပြီး ဒီပွဲကို သီဆိုဖို့ Cancel လုပ်ခဲ့ပေမဲလည်း ပြင်သစ် အသင်း ချန်ပီယံ ဖြစ်လာချိန်မှာ ပါရီ အထိ လာရောက် ဖျောဖြေဖြစ်တာ ဖြစ်တယ်လို့ လည်း ဆိုနေကြပါတယ်။ Jay-Z နဲ့ Beyonce စုံတွဲဟာ ကမ္ဘာက ဝင်ငွေ အကောင်းဆုံး ဘီလီနာ အဆိုတော်တွေ ဖြစ်သလို လက်ရှိမှာတော့ သမီးလေး နှစ်ယောက်နဲ့ အမြွာ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

source: you tube & ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။