လူငယ် အနုပညာရှင်လေး အုပ်စိုးခန့်ဟာဆိုရင်တော့ လူငယ်ဆယ်ကျော်သက် နှုတ်ခမ်းနီ မလေး တွေရဲ့ အသဲစွဲ ကောင်လေးတစ်ယောက် ဖြစ်ပါတယ် ။ သူ့ Studio မှာအသံသွင်းတဲ့ video လေးတစ်ခုကို အွန်လိုင်းပေါ်တင်ခဲ့ရာကနေ မိန်းကလေး ပရိသတ်တွေ အများအပြား နှစ်ခြိုက်သဘောကျမှုရရှိခဲ့ပြီး စတင်အောင်မြင်လာတာဘဲဖြစ်ပါတယ် ။ ဝေဖန်ပြောဆိုမှု တွေ အများပြားရှိခဲ့ပေမယ့် သူကတော့ သူဝါသနာပါရာ အနုပညာကို အားမလျှော့ဘဲ ဆက်လက် လုပ်ကိုင်နေဆဲဘဲဖြစ်ပါတယ် ။ သူ့ရဲ့မိသားစုကတော့ သူ့ကိုအများကြီးပံ့ပိုး ကူညီ ပေးတယ်လို့သိရပါတယ် ။

အုပ်စိုးခန့်က ကာဗာသီချင်းအများအပြားသီဆိုခဲ့ပြီး မိန်းကလေး ပရိသတ်တွေရဲ့တခဲနက် အားပေးမှုကိုရရှိထားတာ ဖြစ်ပါတယ် ။ မကြာသေးမီကမှ Tian Tian MTV cover တစ်ပုဒ်ကို သီဆိုခဲ့ပါသေးတယ် ။ ဒါရိုက်တာကတော့ Kiner Alpha ကိုယ်တိုင်ရိုက်ကူးပုံ ဖော်ပေးထားတာဘဲ ဖြစ်ပါတယ် ။ အဖြူရောင် ဝမ်းဆက်လေးကို ဝတ်ထားပြီး ဆံပင်ခဲ ရောင်လေး နဲ့ သူ့ရဲ့ပုံရိပ်တွေကတော့ တကယ့်ကို ကြွေချင်စရာပါဘဲနော် ။ စိတ်ကူးယဉ်ဆန် ဆန် သဘာဝရှုခင်းတွေကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပြီး အုပ်စိုးခန့် ကလည်း တရုတ်မင်းသားလေးလားလို့ထင်ရလောက်အောင် အရမ်းမိုက်နေတာပါ ။

မိန်းကလေး ပရိသတ်တွေရဲ့အသည်းကျော်လေး အုပ်စိုးခန့်ရဲ့ Tian Tian MTV cover မှာ အမိုက်စား သရုပ်ဆောင်သွားပြီး သူ့ရဲ့အသံ အောအောလေးနဲ့သီဆိုသွားတဲ့ သီချင်းလေးကို ပရိသတ်တွေ ကြိုက်နှစ်သက်မယ်ထင်ပါတယ် ။ ချစ်ပရိသတ်ကြီးအတွက် အုပ်စိုးခန့်ရဲ့ Tian Tian MTV cover လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Oak Soe Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။