နေခြည်ဦးဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ယောက်ဆိုတာ ပရိသတ် တွေသိပြီးဖြစ်မှာပါ ။ မိန်းကလေး ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကြောင့် အောင်မြင်တဲ့ Beauty blogger တစ်ယောက် အဖြစ်ရပ်တည်လာတဲ့ သူမက မကြာသေးမီက ကိုရီးယားမှာ အသေးစား မျက်နှာခွဲစိတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

နှာရိုး နည်းနည်းပေါ်ချင်တာရယ် မျက်ရစ်ဖော်ချင်တာရယ်ကြောင့်ခွဲစိတ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပြီး အရမ်းကြီးတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလို့ သူမက ပြောခဲ့ပါတယ် ။ အခုတော့ သူမရဲ့ပြောင်းလဲသွားတဲ့ ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ သူမရဲ့အဓိကပြောင်းလဲသွားတဲ့အရာ ကတော့ နှာတံဘဲဖြစ်ပါတယ် ။ သူမရဲ့ နှာခေါင်းဟာ နဂိုထက် ပိုမိုလှပလာပြီး နှာတံလေး ဆင်းနေတာကတော့ တကယ်ကိုကြွေချင်စရာကောင်းလွန်းပါတယ် ။ သူမရဲ့ဖန်တွေကလည်း သူမအရမ်းလှလာတယ်လို့ မှတ်ချက်ပေးနေကြပါတယ် ။

သူမမိတ်ကပ်လိမ်းတဲ့နေရာမှာရော pose ပေးတဲ့နေရာမှာပါ အဆင်ပြေအောင် ပြုပြင် ခွဲစိတ်ပြုပြင်ခဲ့တာ ဖြစ်ပြီး သူမရဲ့အတွေ့ကြုံတွေကို ပရိသတ်ကို ပြန်လည်မျှဝေပေး ဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။ ခြည်ခြည်ကို ချစ်တဲ့ပရိသတ်ကြီး လည်း သူမ ရဲ့ပြောင်းလဲသွားတဲ့ အလှတရားတွေကို သဘောကျမယ်လို့ထင်ပါတယ် ။

Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။