မကြာသေးခင်က မှ မုဒိန်းမှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ သီဟတင်စိုးတစ်ယောက် အတွက် ပရိသတ်တွေကလည်း ဝိုင်းဝန်းဆုတောင်းပေးနေကြတာပါ ။ အနုပညာမောင်နှမ တွေကလည်း လူရိုးကြီး သီဟတင်စိုးတစ်ယောက် အခုလိုပြောင်းလဲလာခဲ့တဲ့အတွက်လည်း အံံ့သြစရာတွေ ဖြစ်ပေါ်နေခဲ့တဲ့ အပြင် ပရိသတ်တွေအကြားမှာ ပွက်လောရိုက်နေခဲ့ကြပါတယ်။ အခုအချိန်မှာ တော့ သီဟတင်စိုးအတွက် အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ပါတယ် ။

သီဟတင်စိုးအနေနဲ့ မုဒိန်းမှုကို အမှန်တကယ်ကျူးလွန်ထားခြင်းမရှိဘဲ လုပ်ကြံထောင်ချောက်ဆင်ခံရခြင်း ဖြစ်တယ်လို့ဆိုပါတယ် ။ သီဟတင်စိုးရဲ့ အမှုအတွက် အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါကငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၎င်းမှ တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း သိရှိတဲ့အတွက် သီဟဟတင်စိုးအတွက် အမှန်တရားထွက်ပေါ်လို့ လာခဲ့ပါပြီ ..............။

အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းတွင်လည်း မသင်းသင်းထက်အောင်မှ တရားလိုပြု လုပ်၍ ဆရာဝန်တစ်ဦးအားအမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ)ညိုညို(ခ)ဇင်မာမြင့်မှ တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရပါ သည်။ ကံကြမ္မာရက်စက်လို့ ခေတ္တခန ကျဉ်းထဲကြပ်ထဲ အနေအထားကို ရောက်ရှိနေခဲ့ပေမယ့် အချိန်တန်ခဲ့တော့ အမှန်တရားကို နတ်စောင့်ကြောင်း သက်သေပြခံလိုက်ရပါပြီ ။ ပရိသတ်ကြီးရေ သီဟတင်စိုး တစ်ယောက်တော့အမှန်တရားကို သက်သေပြခွင့် ရရှိသွားပြီနော် ပရိသတ်ကြီးလည်း နစ်နာခဲ့ရတဲ့ သီဟတင်စိုးအတွက် မှတ်ချက်ပေးခဲ့ကြပါဦးနော်။

Source - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။