"ပန်းနုသွေး" ဇာတ်ကားလေးနဲ့ ပရိသတ်တွေနဲ့စတင်ရင်းနှီးခဲ့တဲ့ မေမြင့်မိုရ်လေးကိုတော့ ပရိသတ်ကြီးက ချစ်ခင်ကြမယ် ထင်ပါတယ်။ တစ်နေ့တစ်ခြား ပိုလှသွေးကြွယ်လာတဲ့ သူမက လတ်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများအောင်မြင်လာတဲ့သူမက အခုဆို နာမည်ကြီးသရုပ်ဆောင်မင်းသမီးလေးအဖြစ် ရေပန်းစားနေပြီ ဖြစ်ပါတယ်။

သူမကိုယ်တိုင် မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ "ဆုံစည်ခြင်းမိုးတိမ်များ"၊ "အရိပ်" စတဲ့ ဇာတ်လမ်းတွဲတွေကလည်း ပရိသတ်တွေကြားမှာ လူကြိုက်များအောင်မြင်ခဲ့ပါတယ်။ ဖြူစင်ပြီးချစ်စရာကောင်းတဲ့ သူမက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးလာရပြီဖြစ်ပါတယ်။ လတ်တလောမှာလည်း "အချစ်ဆုံး Crush" ရုပ်ရှင်ကားကြီးကို မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ အိချောပိုတို့နဲ့အတူ ရိုက်ကူးနေပါတယ်။

အခုလည်း မေက ဝေဇယန္တာလမ်းမပေါ်ရှိ "Clinique De Skin Dermatology & Laser Clinic" ရဲ့ (၃) ဆိုင်မြောက် ဆိုင်ခွဲဖွင့်ပွဲ အခမ်းအနားကို သရုပ်ဆောင် စံရတီမိုးမြင့်၊ ခင်သဇင်၊ ဟိန်းမင်းသူတို့နဲ့အတူ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ နတ်မိမယ်လိုလှပတဲ့သူမကို အနက်ရောင်ဝတ်စုံလေးနဲ့ ခမ်းနားလှပနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source: May Myint Mo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။