လကရှိမြန်မာ့ဂီတ လောကမှာ ရှားရှားပါးပါး ရော်ခ့်ဂီတကိုရူးသွပ်သူအမျိုးသမီးရော်ကာတစ်ဦးအနေနဲ့ဆိုရင်တော့ အဆိုတော် လိမ္မော်သီးကို ပဲ ပြေးမြင်မိကြမှာပါ။ အရင်တခေတ် တခါက အောင်မြင်ခဲ့တဲ့ ရော့ခ် အဆိုတော် သျှီ လို အသံကာလာခပ်ကြီးကြီး၊ ခပ်မိုက်မိုက်နဲ့ ဒီဇိုင်းလေးတွေက အစဆင်တူတာတွေ့ရမှာပါ။

လက်ရှိမှာတော့ ပရိသတ်တွေကြားမှာရေပန်းစားဝေဖန်မှုတွေ မြင့်တက်နေတဲ့ လိမ္မော်သီးရဲ့မိတ်ကပ် အပြင်အဆင်တချို့ ၊ နဲ့ မျက်နာကျ ပုံစံတွေဟာ နာမည်ကြီး မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)  ခေါ် သုသု နဲ့ ဆင်တူတယ်ရယ်လို့ အများက ဝေဖန်နေကြတာဖြစ်ပါတယ်။ လိမ္မော်သီးကော အရပ်မြင့်မြင့်၊နဲ့ ဒေါင်ကောင်းတာ ချင်းတူသလို ၊ နာတံ ဆင်းနေတာတွေက အစ တူတယ်လို့ဆိုရမှာပါ။

သုသုကတော့ မေးရိုး၊ နာတံ  မျက်နာခွဲစိတ်ပြုပြင်မှုတစ်ချို့ ပြုလုပ်ထားပြီး လိမ္မော်သီးက ပင်ကိုယ်သဘာဝ မျက်နာကျအတိုင်း ပဲ ဖြစ်ပါတယ်။နှစ်ဦးစလုံးမှာ တစ်ယောက်က နိုင်ငံတော်ရောခ့် အဆိုတော် ၊ တစ်ဦးကနိုင်ငံကျော် မိတ်ကပ်ပညာရှင်  အောင်မြင်တဲ့  အနုပညာရပ်ဝန်း နယ်ပယ်တစ်ခုစီက ဖြစ်ကြပေမဲ့လည်း နှစ်ယောက်စလုံးက ပြည်သူချစ် အနုပညာရှင်တွေမို့ သူတို့နှစ်ဦးကို ဒီလိုလေး Trollကြပေမဲ့လည်း စိတ်ဆိုးမယ် မထင်ပါဘူးနော်။

source: Nyi nyi maung & လိမ္မော်သီး ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။