လူမှုကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာအထက်မှာတော့ Troller တွေရဲ့ လက်ချက်ကြောင့် အနုပညာရှင်တော် တော်များများ အမြဲလိုလို Troll ခံနေရတာ ပရိသတ်တွေ သိကြမှာပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖြူဖြူထွေးတို့ဟာ လည်း Troller တွေရဲ့ လက်ချက်မှာ မပါမဖြစ် ဆိုတဲ့ အနုပညာရှင်လို့တောင်ဆိုရပါမယ်နော်။ထူးထူးဆန်းဆန်း အကြောင်းအကြောင်းအရာတစ်ခုပေါ်လာတိုင်း Troll ခံနေရတာလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖြူဖြူထွေးတို့နှစ် ယောက်ပဲ ဖြစ်ပါတယ်နော်။ 

ဒီတစ်ခေါက်မှာတော့ Troller တွေရဲ့စနောက်မှာ ပရိသတ်အချစ်တော် မင်းသားချော ဇေရဲထက်ပါ ပါဝင်လာ တာကိုမြင်တွေ့ရပါတယ်။စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖြူဖြူထွေးရဲ့ကြား ဇေရဲထက်ပါ ပါဝင်လာခဲ့ပြီးသူတို့သုံးဦးကို Troll ထားတဲ့ ဓာတ်ပုံလေးတစ်ပုံဟာလည်း လူမှုကွန်ယက်မှာ ပြန့်နှံ့နေခဲ့ပါတယ်။မင်းသားချော ဇေရဲထက်ရဲ့ လူမှု ကွန်ယက်မှာလည်း သူတို့ကို Troll ထားတဲ့ ဓာတ်ပုံလေးကို တင်ပြီး ကိုစိုင်းနဲ့ ညီမဖြူဖြူထွေးကြားငါကကန့်လန့် ပါနေတယ် ချစ်စရာလေးဆိုပြီး ရေးသားထားပဲ ဖြစ်ပါတယ်။ 

ဇေရဲထက်ကတော့ Troller တွေရဲ့စနောက်ခြင်းကို စိတ်မဆိုးတဲ့ အပြင် ဟာသအမြင်လေးနဲ့ လူမှုကွန်ယက်မှာ ပြန်တင်ခဲ့တာကြောင့် သူရဲ့ခွင့်လွှတ်နားလည်တက်တဲ့စိတ်လေးကို ပရိသတ်တွေအရမ်းကို ချီးကျုးနေကြပါ တယ်။ဇေရဲထက်ဟာ မကြာခဏဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဝေဖန်လာတိုင်းလည်း သဘောကြီးကြီးနဲ့ ခွင့် လွတ်တက်တာကြောင့် ပရိသတ်တွေအရမ်းကိုလေးစားနေရတဲ့သူလေးပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း “ ရာဇ ဝင်ရိုင်းခဲ့သည်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေအရမ်းကို အံ့သြမျက်လုံးပြုးသွားရလောက်တဲ့ အနုပညာတွေ ကိုချပြနိုင်ခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဇေရဲထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။