နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် သူမရဲ့လူငယ်ဆန်ဆန် ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်လိုက်တာပဲဖြစ်ပါတယ်။ သူမက ပရိသတ်တွေဆီကို အချိန် အတော် ကြာမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အမျိုးသမီးဖြစ်ပေမယ့် သူမရဲ့အလှအပတွေဟာ အမြဲတမ်းလတ်ဆန် ပြီး ဆွဲဆောင်မှုတွေပြည့်နှက်နေဆဲပါပဲ။ သူမရဲ့ အမဖြစ်သူ သရုပ်ဆောင် နှင်းဝတ်ရည် သောင်းကတော့ အင်္ဂလန်နိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အလုပ်လုပ်ရင်း အေးချမ်းစွာ နေထိုင်နေပြီး မအေးသောင်း ကတော့ လက်ရှိအချိန်ထိ တစ်ကိုယ်တည်း အပျိုကြီး အဖြစ်နဲ့ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့လူငယ်ဆန်ဆန်ပုံရရိပ်လေးတွေကို " Speaker တစ်လုံး ခွက်တစ်ခွက် ဖုန်းတစ်လုံးနဲ့ ဗျာများတဲ့အနီရောင်နေ့ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ရှပ်အင်္ကျ ီအနီစင်းကြားလေးကို ဘောင်းဘီအရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံရိပ်လေးဟာ တကယ်ကိုချစ်စရာ ကောင်းလွန်းနေတာမို့ ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။