နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ညိမ်းသော်တစ်ယောက် မော်ဒယ် အဲလက်(စ်)အုန်း နဲ့အတူ ရွှေစံအိမ်ရတနာရွှေဆိုင်အတွက် ရိုက်ကူးထားတဲ့ ချစ်စဖွယ်စုံတွဲပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါ တယ်။ အနက်ရောင်ဝတ်စုံကိုယ်စီနဲ့ နှစ်ယောက်သားရဲ့ပုံရိပ်တွေက ကြည့်ကောင်းလွန်းနေပါတယ်။

" ည " ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့သတိထားမှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာ အလုပ်တွေဆက်တိုက်လုပ်ရင်း ပရိသတ်အား ပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အာရှရဲ့ နံပါတ်တစ် မင်းသားဖြစ်တဲ့ လီမင်ဟိုနဲ့လည်း ရုပ်ချင်းအနည်းငယ်ဆင်တူတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် ပရိသတ်တွေက ပိုမိုသတိထားမိလာကြတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ညိမ်းသော် တစ်ယောက် သူ့ရဲ့ရှုတင်ပုံရိပ်တွေကို " မနေ့က ကြော်ငြာအဆက် ဒီနေ့ပြီးစီး " ဆိုပြီးတင် ထားတာဖြစ်ပါတယ်။ ရိုက်ကွင်းပေါ်က ညိမ်းသော်နဲ့ အဲလက်(စ်)အုန်းတို့ရဲ့ လိုက်ဖက်တဲ့ ပုံရိပ် လေးတွေကို တင်ဆက်ပေး လိုက်ပါတယ်။

Photo - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။