နှုတ်ခမ်းနီမလေးတွေအသဲစွဲ အဆိုတော် ဂျက်စတင်ဘီဘာရဲ့ ရုတ်တရက် စေ့စပ်လိုက်တဲ့သတင်းကတော့ ယခုရက်ပိုင်းအတွင်း Fan တွေကြားမှာ ဂယက်ထလျက်ရှိပါတယ်။

ဘီဘာဟာ မော်ဒယ် Hailey နဲ့ စေ့စပ်လိုက်ပြီဆိုတဲ့သတင်းတွေ ရုတ်တရက်ထွက်ပေါ်လာချိန်မှာ မီဒီယာတွေနဲ့ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိနေသူကတော့ ဆလီနာဂိုးမက်ဇ်ပါပဲ ။ 

လက်တလောထွက်ပေါ်နေတဲ့ သတင်းမီဒီယာအချို့ရဲ့ ဖော်ပြချက်အရ ဆလီနာဟာ အမျိုးသားတစ်ယောက်နဲ့အတူ လမ်းမမှာ တွဲသွားနေတဲ့ပုံတွေ က ပဟေဠိ ဖြစ်လို့နေပါတယ် ။ ဆလီနာနဲ့ အဆိုပါ အမျိုးသားနဲ့ တွဲရက် ဓာတ်ပုံတစ်ချို့ကိုတော့ တွစ်တာအကောင့်ပိုင်ရှင်တစ်ဦးက မျှဝေခဲ့ရာကနေ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး သူမဘေးက ခပ်ချောချောကောင်လေးဟာ ဘက်ခမ်းရဲ့ သားအကြီး ဘရွက်ကလင်းဘက်ခမ်းဖြစ်နိုင်တယ်လို့လည်း မီဒီယာအချို့က ယူဆ ဖော်ပြထားကြပါတယ် ။ 

ပရိတ်သတ်တွေကလဲ ဆလီနာ နဲ့ ဘရွက်ကလင်းဘက်ခမ်းတို့ ချစ်ဇာတ်လမ်းစတော့မလားရယ်လို့ ထင်မြင်ချက်တွေနဲ့ မျှဝေမှုတွေများခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဆလီနာနဲ့ တွဲတွေ့ရတဲ့ အမျိုးသားက ဘရွတ်ကလင်းမဟုတ်ခဲ့ပါဘူး ။

ရုပ်ချင်းဆင်ရုံသာ ဆင်တာဖြစ်ပါတယ် ။ 

ဘရွက်ကလင်းကတော့ ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ သားအကြီး ဖြစ်တာမို့လည်း ဖခင်ရဲ့ အရှိန်အဝါ နဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ ထင်ရှားသူတစ်ယောက်ဖြစ်လာခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်နေသူပါ ။

ဓာတ်ပုံဆရာလေးတစ်ဦးဖြစ်တဲ့ ဘရွတ်ကလင်း ဟာ မင်းသမီး Chloe Moretz နဲ့ တွဲခုတ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ 

ခုလောလောဆယ်တော့ ဆလီနာနဲ့ သတင်းတွေထွက်သွားပေမယ့် အမှန်တကယ်မှာတော့ သူတို့နှစ်ယောက်က အရမ်းခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေပါပဲတဲ့ ။

ဇူလိုင်လ(၈)ရက်နေ့က ဘီဘာရဲ့ စေ့စပ်လိုက်ကြောင်း ဂယက်ထနေချိန်မှာ ဆလီနာကတော့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ အပျော်စီးသဘောင်္စီးကာ ပျော်ပျော်ရွှင်ရွှင်အပန်းဖြေနေတယ်လို့ သိရတာကြောင့် ဆလီနာဟာ ဘီဘာနဲ့ ပတ်သက်တဲ့ ဘယ်လိုခံစားချက်မျိုးမှ မရှိတော့ဘူးဆိုတာ သူမရဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နေပုံတွေက ပြသနေသလားတောင်ထင်ရပါတယ် ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် Hollywoodlife

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။