မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထားထက်ထက်ကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။မော်ဒယ်လောကကိုအချိန်အတော်ကြာ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအောင်မြင်မှုတွေကိုလည်းရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ယခုအခါမှာတော့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်ခဲ့တဲ့အာဇာနည်နေ့မှာတော့ သက်ရှိထင်ရှားကျန်ရှိနေသေးတဲ့ သူရဲ့ကောင်းတစ်ဦးထံသွားရောက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီ့သူရဲ့ကောင်းကတော့ အသက် ၈၇နှစ် ရှိပြီဖြစ်တဲ့ ကျန်းမာရေးသိပ်မကောင်းတဲ့ အဖွားတစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီအဖွားဟာတော့ အာဇာနည်ဗိမာန်ကြီးကိုဗုံးခွဲခဲ့တဲ့လူကိုဝိုင်းပြီးဖမ်းပေးတဲ့ ဓါးစန်းရီ လို့ခေါ်ဆိုကြတဲ့အဖွားဖြစ်ပါတယ်။အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အဖွားဟာအလှူခံစားသောက်နေရတာ ဖြစ်ပြီး ၃ တန်းတက်နေတဲ့ မြေးကလေးမလေးတစ်ယောက်ကို မွေးစားထားပါတယ်လို့လည်းသိရပါတယ်။

"အလှူခံရရင် အစားစားရသလို အလှူခံမရချိန် ကျန်းမာရေးမကောင်းလို့ အလှူခံမထွက်နိုင်ချိန်ဆို အစားအသောက်မမှန် အိမ်နီးနားချင်းများမှ အဆင်ပြေရင်ပြေသလို ထောက်ပံ့ကြည့်ရှုပေးနေရပါတယ်......

လှူချင်သူများရှိရင်လဲ လှူဒါန်းပေးလို့ရပါတယ်။ နေရာကတော့ ရွှေပြည်သာ ၈ ရပ်ကွက်မှာနေပါတယ်။"လို့လည်း ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

"ဓါးစန်းရီ" ဆို သူအမျိုးသမီးကြီး၏ဘဝတစ်စေ့တစ်စောင်း

လွန်ခဲ့သောနှစ်သုံးဆယ်ကျော် ကအာဇာနည်ကုန်း ဗုံးခွဲမူမှာမြောက်ကိုရီးယ ားနိုင်ငံသားဇင်မိုကို အရှင်ရအောင ်ဖမ်းဆီးပေးခ ဲ့သော ....... ယောဂီဓားစန်းရီ *************** *************** ****

နေခြစ်ခြစ်တောက် ပူနေသည်။ အသက် 84 နှစ်အရွယ်ယောဂီ ဝတ်အမျိုးသမီးကြီးတစ်ဦး လက်တစ်ဖက်တွင်တောင် ဝှေးကိုင် ။ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ပုဇွန်တောင်ဈေးရှေ့ရှိ ဘတ်စ်ကားမှတ်တိုင်ဆီတရွေ့ရွေ့ နှင်လျက်ရှိသည်။ ထိုယောဂီဝတ်အဘွားအိုကား လွန်ခဲ့သည့်နှစ်သုံးဆယ်ကျော ်ကဖြစ်ပွားခဲ့သည့် အာဇာနည်ဗိမာန်ကုန်း ဗုံးဖောက်ခွဲမှုမှ မြောက်ကိုရီးယား နိုင်ငံသားအကြမ်းဖက်တရားခံ ဇင်မိုကိုအရှင်ရအောင် အသက်စွန့် ဖမ်းဆီးပေးခဲ့သူ ။

ဦးကိုနီကိုလုပ်ကြံသူ သေနတ်သမားကြည်လင်းကိုအသက်စွန့်ဖမ်းခဲ့သူကိုနေဝင်းကဲ့သို့ပင်။ အမျိုးသမီး ဆံဖြူသွားကျိုးနေသည့် ထိုအဘွားအိုမှာ တစ်ချိန်က လူအများကြောက်ရွံ့နေရသူ ၊ ရဲများကပါထိပ်တိုက်မရင်ဆိုင်ဝံ့သူ ပုဇွန်တောင်ဓားစန်းရီဖြစ်ကြောင်း၎င်းလွယ်ထားသည့် အနီရောင် ကချင်လွယ်အိတ်ထဲမှ ဂုဏ်ပြုမှတ်တမ်းများ က ငြင်းဆန်မရအောင် သက်သေခံနေရှာသည် ။"လို့လည်းသိရပါတယ်။ပရိသတ်ကြီးလည်း အလှူဒါနတွေပြုချင်ရင်တော့ ပေးထားတဲ့လိပ်စာလေးအတိုင်း သွားရောက်လှူဒါန်းနိုင်ပါကြောင်းလည်းပြောခဲ့ပါရစေ

သတင်းအရင်းအမြစ်-ထားထက်ထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။