မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို မကြာသေးခင်ကမှ ပိုင်ဆိုင်ရရှိထားသူတာကြောင့် အနုပညာလောကနဲ့ ကင်းကွာသွားခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ဦးဖြစ်သလို ဖြူဖွေးချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားသူလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့သားငယ်လေးကို ပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ သားလေးကိုပဲ အချိန်အပြည့်အဝပေးပြီး ဂရုစိုက်တာတွေ့ရပါတယ်။ သူမရဲ့သားငယ်လေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ Facebook စာမျက်နှာမှာ တင်လေ့ရှိပါတယ်။ ခင်ပွန်းကလည်း ဂရုစိုက်သလို သားငယ်လေးနဲ့အတူ ပြီးပြည့်စုံတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမက အနုပညာနယ်ပယ်ကနေ အနားယူထားပါတယ်။

အခုလည်း သဉ္ဇာက မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ခရီးသွားနေကြောင်းကို " သားလေးနဲ့ပထမဦးဆုံးခရီးစဉ် အရမ်းဆော့လို့လေယာဉ်ပေါ်မှာငိုမယ်ထင်ထားတာ လုံးဝဂျီမကျတဲ့သားလေး" ဆိုပြီး အားကျချင်စရာကောင်းတဲ့ပုံလေးတွေကို တင်ထားတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့မိသားစုရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ပုံရိပ်လေးတွေကို ရှုစားဖို့ ဖော်ပြပေးလိုက်ပါတယ်။

Source: Thin Zar Nwe Win; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။