တစ်ခေတ်တစ်ခါကအနုပညာလောကမှာနာမည်ကြီးမင်းသမီးတစ်လက်အဖြစ်နေရာယူထားခဲ့တဲ့မင်းသမီးချောစမိုင်းလ်ကတော့လက်ရှိမှာကြည်နူးစရာမိသားစုဘဝလေးကိုင်ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်းအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာကြောင့်ပရိသတ်တွေအရမ်းကိုအားကျနေရသူလေးဆိုရင်မှားလောက်မယ်မထင်ပါဘူးနော်။သူမကတော့ ယနေ့အချိန်အထိမပြောင်းလဲသေးတဲ့အလှတွေနဲ့မြင်တွေ့ရပြီး ကလေး၂ယောက်ရဲ့မိခင်ဆိုတာ တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင်ပဲ အချိုးစားကျကျလှပနေဆဲဖြစ်ပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀နှစ်ကသူမရဲ့ ပုံစံလေးကို ပရိသတ်တွေ မြင်ရင် အရမ်းကိုအံ့သြမှင်သက်သွားရမယ်ထင်ပါတယ်။သူမကတော့ လွန်ခဲ့တဲ့၁၀နှစ်ဝန်းကျင်လောက်က ဓာတ်ပုံလေးတစ်ပုံ ထုတ်ပြလာခဲ့ပြီးလက်ရှိပုံစံနဲ့လုံးဝဆန့်ကျင်ဘက်အနေအထားမှာရှိခဲ့တာကြောင့် ပရိသတ်တွေမယုံနိုင်လောက်အောင်အံ့သြသွားကြရတာပဲဖြစ်ပါတယ်။သူမကတော့လွန်ခဲ့တဲ့၁၀နှစ်ဝန်းကျင်၂၀ဝ၈ခုနှစ်လောက်က ပေါင် ၂၂၀အထိဝိတ်တက်ခဲ့တာဖြစ်ပြီး လုံးလုံးတစ်တစ်လေးနဲ့ တကယ် ကိုချစ်ဖို့ကောင်းသူလေးဖြစ်ခဲ့ပါတယ်။ 

သူမရဲ့လူမှုကွန်ယက်မှာလည်း ပရိသတ်တွေ အံ့သြသွားရလောက်တဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့ အတူ "ကလိုဝီဗိုက်ကြီးနဲ့ပေါင် ၂၂၀ လေး ဟိဟိ လုံးတစ်လေး ချစ်လို့ပြန်တင်တာ ၂၀၀၈ခုနှစ်က" ဆိုတဲ့စာလေးရေသားမျှဝေထားတာပဲဖြစ်ပါတယ်။သူမဟာကိုယ်ဝန်ဆောင်ချိန်မှာပေါင်၂၂၀အထိဝိတ်တွေတက်ခဲ့ပေမယ့် ဒီနေ့မှာတော့ ပရိသတ်တွေအားလုံး အားကျရတဲ့ အဆီပိုမရှိကျစ်လစ်လှပတဲ့ ခန္ဓာ ကိုယ်ပိုင်ရှင်လေးအဖြစ်နဲ့ အရမ်းကိုလှပနေပါတယ်နော်။သူမဘယ်လိုနည်းလမ်းတွေနဲ့ ဝိတ်တွေချခဲ့တယ်ဆိုတာကိုလည်း ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြပါတယ်။နောင်တစ်ချိန်ကြုံကြိုက်ခဲ့ရင်လည်း သူမဘယ်လိုနည်းလမ်းတွေနဲ့ အခုလို လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးရအောင် ဘယ်လိုဝိတ်တွေချခဲ့တယ် ဆိုတာကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးသွားပါမယ်နော်။

သတင်းအရင်းအမြစ် - စမိုင်းလ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။