ဖွေးစိန်လေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးဖွေးဖွေးကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေကို မကြာခဏအချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်..။

အချစ်တော်လေးဖွေးစိန်ကတော့ ယနေ့ဇူလိုင်လ(၂၂)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ press show ပွဲလေးကို တတ်ရောက်ခဲ့တာ တွေ့ရပါတယ်..။

ရုပ်ရှင် press show ပွဲလေးမှာ တွေ့ရတဲ့ဖွေးစိန်လေးရဲ့ ချစ်စဖွယ် Snap ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာကောင်းနေတာမို့ အားလုံးရဲ့အမြင်အာရုံတွေကိုဖမ်းစားထားပြီး တွေ့မြင်ရသူပရိသတ်တွေကို အသည်းယားအချစ်ပိုစေပြန်တာပါပဲနော်..။

ဒီဇိုင်နာငြိမ်းကိုရဲ့အနက်ရောင်ဖက်ရှင်နဲ့ Cute ပုံစံမိတ်ကပ်ပြင်ဆင်မှုတွေကလည်း လိုက်ဖက်ညီပြီးဖက်ရှင်ကျကျလေးနဲ့ ဆွဲဆောင်မှုရှိနေတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာ ဖြစ်ပါတယ်..။

အခမ်းအနားပွဲတတ်ရောက်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း ဖွေးစိန်လေးက ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပြီး အချစ်ပိုစေတဲ့သူမရဲ့Snap ပုံရိပ်လေးတွေကိုတော့ ဓာတ်ပုံဆရာနေမင်းထွန်းက အမိုက်စားရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေစောင့်မျှော်အားပေးနေတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့လာမယ့် ဇူလိုင်လ(၂၇)ရက်နေ့မှာ စတင်ပြီးရုံတင်ပြသတော့မှာမို့ အားပေးကြည့်ရှု့ကြရအောင်နော်..။

Photo - ဖွေးဖွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။