သုသုလို့ခေါ်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ထိမိတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ်။ ပိန်ပိန်လျလျ Bodyလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့သူမက ရုပ်ရှင်ကားကြီးတွေရိုက်ကူးခဲ့ရပြီး အကယ်ဒမီဆုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ထူးခြားတဲ့သရုပ်ဆောင်စွမ်းရည်နဲ့ သူမရဲ့ အမူအရာလေးတွေက ပရိသတ်ရဲ့အာရုံကို ဖမ်းစားထားနိုင်ပါတယ်။

မင်းသမီးလေးသုသုက မကြာခင်မှာ ဒါရိုက်တာဏကြီးနဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မထိရက်ချင်စရာကောင်းအောင်လှတဲ့သူမကို ပရိသတ်တွေက နှမြောနေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း သုသုက ဒီဇိုင်းနာ ကောင်းမြတ်ရဲ့ Wedding Show ပွဲကို ဆန်းကြယ်လှပတဲ့ဝတ်စုံလေးနဲ့ ထူးထူးခြားခြား တက်ရောက်ခဲ့ပါတယ်။

သူမရဲ့လှပတဲ့ဂါဝန်လေးကိုတော့ ဒီဇိုင်းနာကောင်းမြတ်က စီစဉ်ပေးထားပြီး မိတ်ကပ်ကိုတော့ မေဦးက အလှဆုံး ပြင်ဆင်ခြယ်သပေးထားပါတယ်။ သုသုက "မနေ့ညကကိုကောင်းမြတ် Kaung Myat Couture ပွဲအတွက် ပွဲတက်ပုံလေးတွေပါ အဆင်ပြေလားယူ "ဆိုပြီး သူမရဲ့အလှပုံလေးတွေကို တင်ခဲ့တာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အလှဆုံးဝတ်စုံလေးနဲ့တင့်တယ်လှပနေတဲ့ သုသုရဲ့ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source: Paing Phyo Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။