လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဆိုတော် လိမ္မော်သီးတစ်ယောက် သူမရဲ့ selfie ဓာတ်ပုံအချို့ကို လူမှုစာမျက်နှာပေါ်တင်ခဲ့ရာကတဆင့် မိတ်ကပ်ညီညီမောင် စမ်းချောင်းနဲ့ တူတယ်ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ယှဉ်ပြပြီး troll ထားကြတာတွေဟာလည်း အတော်လေး ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ ဒီလို troll ကြတဲ့အတွက် သုသုကတော့ လိမ္မော်သီးအတွက် စိတ်မကောင်းဖြစ်မိပါတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှ ဖြေဆိုထားတာလည်း တွေ့ရပါတယ်။ 

အဆိုတော် လိမ္မော်သီးကတော့ သုသုဖြေထားတဲ့ အင်တာဗျူး ဗီဒီယိုလေးကို သူမရဲ့ လူမှုစာမျက်နှာကတဆင့် ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီဗီဒီယိုလေးနဲ့အတူ သူမနဲ့ မိတ်ကပ်ညီညီမောင်စမ်းချောင်းဟာ ရင်းနှီးကြသူတွေဖြစ်ပြီး သုသုကို "အမေ" ဆိုပြီး ခေါ်ဝေါ်သုံးနှုန်းခဲ့တာလည်း တွေ့ရပါတယ်။ ထို့အတူ သူမကိုလည်း အားမနာဖို့ ယခုလိုပြောပြခဲ့တာကို တွေ့ရပါတယ်။ 

"ကလေးဘဝထဲက မိတ်ကပ် ပထမဆုံးစ လိမ်းလာတာ.. အမေ ညီမောင် (သုသု) နဲ့ပါ.........

2010 “လိမ္မော်ရောင်စိတ်ကူးများ" ပထမ ခွေထဲက အမေနဲ့ မိတ်ကပ်လိမ်းလာတာ....

ဟိုးအရင်ထဲက အနေအေးပြီး စိတ်ထားပြည့်တဲ့ သူပါ..အခုနောက်ပိုင်း ကျမှ မဆုံဖြစ်ကြတာ........

သတိတောင်ရနေသေးတာ ဗီဒီယိုလေးတွေ တက်လာတော့လေ, သဘောတွေကျနေတာ......

ဆုံတော့လည်း ကြံကြံဖန်ဖန် ပြန်ဆုံကြတယ်....

အမှန်ဆို အမေက အောင်မြင်နေတဲ့သူပါ, အရင်ထဲက အောင်မြင်ပြီးသား Artist တစ်ယောက်ပါ...

ကိုယ်လည်း ခရီးနဲ့ အဝေးရောက်နေတော့ Interview မဖြေပေးနိုင်လို့လေ................

အမေ့ကို အားမနာပါနဲ့လို့....

ဒီလို ပြောတာ သမီးဘက်က ပိုပျော်ပါသေးတယ်, အခု မှလူပိုမှတ်မိသွားတာပေါ့........

ကိုယ့်သမီးဘက်ကနေကို ကာ ပြီးဖြေပေးသွားတယ်...ချစ်တယ်နော်....

စိတ်ထားပြည့်တဲ့သူမို့ အမေဒီထက်မက ပျော်ရွှင်အောင်မြင်မှာပါ

အားနာမနေနဲ့နော်,,, စ ကြတာပဲကို” ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ 

Spurce : Lain Maw Thee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။