မိန်းမတစ်ယောက်ရဲ့ ဘဝမှာချစ်သူကောင်း၊ လက်တွဲဖော်ကောင်း၊ အိမ်ထောင်ဖက်ကောင်းကို ပိုင်ဆိုင်ရတာလည်း တကယ့်ကို ဆုလာဘ်တစ်ခုပါပဲ။ ဘဝမှာ သုံး၊ လေး ၊ ငါးခု မလိုပါဘူး၊တကယ်တော့ လိုအပ်တာ တစ်ခုပါပဲ။ ကိုယ့်ကို အေးအတူပူအမျှ ခံစားပြီး ချစ်ပေးမဲ့သူမျိုး တစ်ယောက်တည်းသာ ဖြစ်ပါတယ်။ 

အနုပညာရှင်တွေထဲကမှ သာယာပြီး အားကျဖွယ်ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသား၊ ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့ ချစ်ဇနီးလေးဖြစ်သူ ဇင်သဲနိုင် အပေါ် ဘယ်လောက်ချစ်ကြောင်း ရင်ဖွင့်ဆိုလိုက်ပြန်ပါတယ်။ ဇနီး ဖြစ်သူ နဲ့ အသက်(၁၀) နှစ်ကျော် ကွာပေမဲ့လည်း နားလည်မှုတွေ၊ အချစ်တွေနဲ့ တည်ဆောက်ထားတဲ့ ပိုင်ဇေရဲထွန်း တို့ရဲ့အိမ်ထောင်ရေးက အနုပညာရှင်တွေသာမက ပရိသတ်တွေပါ အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။ လက်ရှိမှာ သားသမီး ရတနာ သုံးယောက်ထွန်းကားခဲ့ပြီ ဖြစ်သလို သားသမီးတွေ တစ်ခါမွေးတိုင်း ကိုယ်ခန္ဓာအချိုးအဆစ်တွေ ပြောင်းလဲတတ်တာ မိန်းမတွေရဲ့ သဘာဝ မို့ ဘယ်လောက်ပဲ ဝသည်ဖြစ်စေ၊ ပိန်သည် ဖြစ်စေ ၊ သူမ မလှသည်ဖြစ်စေ၊ သူမ လှသည်ဖြစ်စေ တစ်ဦးတည်းသော ဇနီးဟာ သူမပါပဲ လို့ ဆိုလိုက်ပါတယ်။

"ကျနော်နဲ့စတွေ့တော့ပေါင်၁၀၀တောင်မပြည့်တဲ့ဖြူဖတ်ဖြူရော်လေး၊အဲ့လိုနဲ့ သူနဲ့အိမ်ထောင်ကျ ကလေးလည်းရရောပေါင်၁၅၀လောက်ရှိတဲ့ဖက်တီးမလေးဖြစ်လာရောကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာလိုက်တာ ဖက်တီးမလေးကနေဖက်တီးမကြီးကိုဖြစ်လို့ပေါ့ မျက်မှန်နဲ့လေးလုံးမလေးဆိုလည်းဟုတ်သေးတယ်။ကလေးတွေကြီးလာလို့အချိန်ပိုလေးရလာချိန် သူ့ကိုယ်သူချစ်ဖို့သတိရချိန်မှာစပြောင်းလဲဖို့ကြိုးစားခဲ့တာ၂နှစ်ကျော်အတွင်းသူလုံးဝပုံစံပြောင်းသွားခဲ့တယ် ကျနော့အတွက်တော့သူမဝသည်ဖြစ်စေ ပိန်သည်ဖြစ်စေ သူမလှသည်ဖြစ်စေ မလှသည်ဖြစ်စေကျနော့်ရဲ့တစ်ယောက်ထဲသောဇနီးကသူပဲ။ကျနော့ကလေးလေးလေးတွေကိုမွေးပေးဖို့သူအချိန်တွေ အလှတွေ စိတ်တွေ နာကျင်မှုတွေအများကြီးရင်းနှီးခဲ့ရတယ်၊ သိပ်ကျေးဇူးတင်တယ် ။မိန်းမဘဝတစ်လျှောက်လုံးမင်းရဲ့အရာရာကယောကျၤားနဲ့ကလေး(၃)ယောက်အတွက်ဖြစ်နေလို့အခုကျနော့ကိုကလေး(၄)ယောက်အဖေလို့စကြတာကိုလည်းကျေကျေနပ်နပ်ကြီးလက်ခံပါတယ် "လို့ Facebook စာမျက်နာထက်ကနေ  ခိုးပြေးချိန်ကစလို့ လက်ရှိ အိမ်ထောင်ကျပြီး သားသမီးတွေ ရတဲ့အထိ သိပ်ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်းနဲ့ အချစ်စကားတွေ ဆိုလိုက်ပြီး ချစ်တတ်လိုက်တာရယ်လို့ ပရိသတ်တွေကလည်း အားကျနေကြပါတယ်။ ပရိတ်သတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ မိသားစုလို့ သာယာပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်နိုင်ကြပါစေနော်။

source: Paing zayye htun ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။