အားကျဖွယ်အောင်မြင်တဲ့ အနုပညာရှင်စုံတွဲတွေထဲကမှ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်မြတ်နိုးကြတဲ့ ဒီ အတွဲလေးကတော့  Rapperအဆိုတော် G-fattနဲ့ အဆိုတော်၊သရုပ်ဆောင် နန်းဆုရတီစိုး ဖြစ်ပါတယ်။နှစ်ဦးစလုံးဟာ ဂီတနယ်ပယ်မှာ ဝါသနာတူ၊ ဓာတ်တူ လက်တွဲ ဖြတ်သန်းနေကြသလိုပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီနေ့ ဇူလှိုင်လ(22) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ G-fattရဲ့ "အကယ်၍လက်ထပ်ကြတဲ့အခါ " သီချင်းMTVလေးမှာတော့ ချစ်သူဖြစ်သူ နန်းဆုနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အားလုံးကိုချပြလိုက်ပါတယ်။ နန်းဆုနဲ့ စတွေ့တဲ့Coffee ဆိုင်လေးကနေ စတင်လို့ သူငယ်ချင်းတွေ ဖြစ်ကာချစ်သူတွေဖြစ်အောင် ဘယ်လိုကြိုစားခဲ့ရတဲ့ အကြောင်းလေးတွေ ကို တကယ့်ကို ရိုမန့်တစ် ဆန်တဲ့ အချစ်ဇာတ်လမ်းလေး တစ်ခုအဖြစ်ပုံဖော်ထားပါတယ်။ နှစ်ဦးသားချစ်စ ခင်စကလည်း နန်းဆုရတီစိုးရဲ့ " ရူးအောင်ချစ်ရသူ" ဆိုတဲ့ သီချင်းလေး ထွက်ရှိခဲ့ပြီး ဒီသီချင်းလေးဟာလည်း သူတို့ ချစ်သူ နှစ်ဦးကြားက အမှတ်တရလေး တစ်ခုမို့ ပရိသတ်တွေကြားရေပန်းစားခဲ့ပါသေးတယ်။ 

ဒီနေ့ထွက်ရှိလာတဲ့ "အကယ်၍လက်ထပ်ကြတဲ့အခါ" သီချင်းလေးမှာ နန်းဆုနဲ့အတူ ချစ်သူဘဝကနေ လက်ထပ်ပြီးကြလို့ အဘိုးအဘွားတွေ ဖြစ်ပြီး မြေးတွေမြစ်တွေ ရတဲ့ အချိန်ထိ အချစ်မပြယ်တဲ့ အချစ်မျိုးနဲ့ နန်းဆုကို တသက်လုံးချစ်သွားမဲ့ အကြောင်း ပုံဖော်ပြလိုက်ပါတယ်။နန်းဆုရဲ့ ပရိသတ်တွေကော G-fattရဲ့ ပရိသတ်တွေပါ တကယ့်ကို အားကျစရာကောင်းတဲ့ အချစ်တွေနဲ့ သူတို့ နှစ်ဦးကို ပိုချစ်ပြီး အားပေးကြပါဦးနော်။

source: G-fatt ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။