ပရိသတ်အချစ်တော်သုံးယောက်ဖြစ်ကြတဲ့ အလင်းရောင်၊ ကျော်ထက်အောင်နဲ့ ဖွေးဖွေးတို့ သုံးယောက် သား Co2 ဇာတ်ကား Press Show ပွဲကိုတက်ရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သဲထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပြီး အငြိုးကြီးစွာသေဆုံးခဲ့ရတဲ့ ဝိညာဏ် တစ်ကောင်ရဲ့ ကြောက်ရွံ့ ထိတ်လန့်ဖွယ် လက်စားချေခြောက်လှန့်မှုတွေကို ရိုက်ကူးထား တာဖြစ်ပါ တယ်။

ထပ်ဆင့်အကယ်ဒမီဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်တွေဟာ အမြဲလိုလို ပရိသတ်တွေကြားမှာ ရေပန်း စားခဲ့ တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အလင်းရောင်နဲ့ ဖွေးဖွေးတို့ Selfie ပုံရိပ်ရိုက် ကူးနေတာကို ကျော်ထက်အောင်တစ်ယောက် ဘေးကနေ ငေးကြည့်နေတဲ့ပုံလေးကို ပရိသတ်တွေက ဝိုင်းဝန်း စနောက်နေကြတာဖြစ်ပါတယ်။ မကြာခင် Troller တွေကြားမှာ ရေပန်းစားတော့မယ်လို့လည်း ဝိုင်းဝန်းနောက်ပြောင်ခဲ့ကြပါသေးတယ်။

ဒီပုံရိပ်လေးဟာ အမှတ်မထင်မှတ်တမ်းတင်ခဲ့မိတာဖြစ်ပြီး ဟာသပုံရိပ်လေးတစ်ခုအဖြစ်နဲ့ပဲ အားလုံးက ဝိုင်းစနေခဲ့ကြတာဖြစ်ပါတယ်။ အမိုက်စားဇာတ်ကားတစ်ခုဖြစ်တဲ့ Co2 ဇာတ်ကား ကို ပုံဖော်သရုပ်ေ်ဆာင်ခဲ့ကြတဲ့ အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေးနဲ့ ရတနာဗိုလ်တို့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေရဲ့စိတ်တွေကို အပြည့်အဝဆွဲဆောင်နိုင် မှာ အသေအချာပါပဲ။

Photo - Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။