ပုဂံမြို့သစ် ချောက်ကိုသွားတဲ့ လမ်းမဘေး၊ ဧရာဝတီမြစ်ကမ်းပေါ်က လောကနန္ဒာ ဘုရားရဲ့ ငလျင်လှုပ်ပြီးနောက် လက်ရှိ ( ၃၁-ဇန်နဝါရီ-၂၀၁၇ ) အခြေနေပါ။

ရင်ပြင်တော်ကနေ စေတီအထက်ပိုင်းကို လှမ်းကြည့်တဲ့အခါ သိပ်မသိသာပေမယ့် ငြမ်းပေါ်တက်ကြည့်မှသာ အခြေနေမှန်ကိုသိရမှာပါ။

Technical Support Team ရဲ့ ပထမဆုံး Preliminary Survey & Details Assessment ပါ။ Details Drawing လည်းထုတ်ပြီးသွားလို့ သက်ဆိုင်ရာဌာနကိုလည်း ပို့ပြီးသွားပါပြီ။

ငလျင်ဒါဏ်ကြောင့် ဘယ်လိုပျက်စီးသွားတယ် ဆိုတာကို နားလည်လွယ်အောင်ပြောရင် ရွဲလုံးအောက်ခြေ နှင့် ကြာမှောက်ကြားက အလျားလိုက်အက်ကြောင်းကြီးက လုံးပတ်တစ်ခုလုံးပြည့်တဲ့အထိပါဘဲ။

အက်ကြောင်းအနက်ကို တိုင်းတာကြည့်တဲ့အခါ အတွင်းထဲကို အနည်းဆုံး ၄ လက်မကနေ အများဆုံး ၁၆ လက်မအထိ ရှိပါတယ်။ ဒါက သာမန် ပေကြိုးဗူးနဲ့တိုင်းကြည့်တာပါ။

အလွယ်ပြောရရင် ရွဲလုံးအောက်ပိုင်း နှင့် ကြာမှောက်အပိုင်းဟာ ၆၀ % လောက် ထက်ပိုင်းပြတ်နေတယ်လို့ ခန့်မှန်းပါတယ်။ ကျန်တဲ့ ၄၀ % နှုန်းက ထိဆက်နေသေးလို့ ပြုတ်မကျတာလို့ ပြောရမယ်။

ကျန်တဲ့ တစ်ထည်လုံးအခြေနေကောင်းပါတယ်။

ဘာကြောင့် ကျိုးပဲ့ ပျက်စီးရသလဲဆိုတဲ့ မေးခွန်းကို တိုတို့တုတ်တုတ်နဲ့ အလွယ်ဖြေရရင် မူလရှေးလက်ရာမဟုတ်ဖဲ အသစ်ထည့်ထားတဲ့ အစိတ်ပိုင်းဖြစ်နေလို့ပါဘဲ။ သုံးထားတဲ့ အင်္ဂတေကအဓိက ပျော့ကွက်ပါဘဲ။ အင်္ဂတေ နမူနာယူပြီး ဓာတ်ခွဲခန်းပို့ပါမယ်။ ပြီးရင် ရတဲ့ အဖြေ ထပ်ပြောပေးမယ်။

ပြုပြင် ထိမ်းသိမ်းရေးဘယ်လိုလုပ်ကြမလဲ ဆိုတဲ့နည်းပညာပိုင်းကို ' ပညာရှင် အဖွဲ့ ' ( Expert Team ) က စဉ်းစားအဖြေရှာမှာပါ။ ရွဲလုံးအထက်ပိုင်းကနေ ငှက်ပျောဖူး-ထီးတော် အထိတစ်ပိုင်းလုံး ဖြုတ်ချပြီး အသစ်ပြန်တည်ဆောက်မယ်လို့ ကြားပါတယ်။ အထက်ဌာပနာတိုက်က ရှေးပစ္စည်းတွေအားလုံး ဂေါပကအဖွဲ့က ပြောင်းယူပြီးပါပြီ။

လောလောဆယ် အကြီးမားဆုံးပြသနာက အလေးချိန်အနည်းဆုံး တန်ချိန် ၄-၅ တန်လောက်ရှိတဲ့ အထက်ပိုင်းကို တစ်စစီဖဲ့ပြီး အောက်ချဖို့ကိစ္စပါဘဲ။ လောကနန္ဒာ ဘုရားဆိုတာ ဘုရားဖူးဧည့်အဝင်များတဲ့အတွက် ဘယ်လိုဘယ်ပုံစီမံကြမယ်ဆိုတာ မပြောတတ်ပါ။

ကျနော်တို့ အဖွဲ့သားတွေထဲမှာ ပုံကြမ်းဆွဲတဲ့ တစ်ယောက်က အမြင့်ကြောက်တတ်တယ်၊ ကျနော်ကိုယ်တိုင်းလည်း သိပ်မြင့်လွန်းရင် ဒူးက အလိုလိုတုန်လာတယ်။ စုစုပေါင်း အချိန် ၃ ရက်ယူပြီး လုပ်ကိုင်ကြတာမှာ နောက်ဆုံးတစ်ရက်က ည ၉ နာရီ။ Details Drawing ထွက်တဲ့အထိ စုစုပေါင်း ၅ ရက်သာကြာတယ်။ ရှေ့မှာ အချိန် ၄ လယူပြီး မပြီးခဲ့တဲ့ အလုပ်ကို Technical Support Team က အချိန် ၅ ရက်ယူပြီး လုပ်တယ်ဆိုတဲ့ သဘောဘဲ။

Credit - Zay Myo Lin

Via - Nainglin Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။