ချစ်စရာကောင်းတဲ့ နိုက်တင်ဂေးမလေး ပိုပိုတစ်ယောက် သူမရဲ့သီချင်းအသစ်ဖြစ်တဲ့ " ဝမ်းမနည်းကြေး " သီချင်းကို MTV ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ အဆိုတော် မင်းသာခီရဲ့ " My Better Half " ဆိုတဲ့ တေးစီးရီးထဲက သီချင်းလေးတစ်ပုဒ်ဖြစ်ဖြစ်ပြီး ပိုပိုနဲ့ မင်းသာခီတို့ရဲ့ အမိုက်စားသီချင်းတစ်ပုဒ် လည်းဖြစ်ပါတယ်။ လက်ရှိမှာ MTV ရိုက်ကူးနေ ပြီဖြစ်ပြီး မကြာခင်မှာ ပရိသတ်တွေရှေ့ကို ရောက်ရှိ လာတော့မှာပဲဖြစ်ပါတယ်။

သူမရဲ့ MTV ရိုက်ကွင်းပေါ်က ပုံရိပ်တွေက တကယ်ကိုအမိုက်စားပါပဲ။ ကြွေရုပ်လေးတစ်ရုပ်လို လှပလွန်းတဲ့ သူမရဲ့ပုံရိပ်တွေဟာ ပုရိသတွေရဲ့အသည်းတွေကို လှုပ်ခါသွားစေနိုင်ပါတယ်။ ဒီသီချင်း MTV လေးမှာဆိုရင် မင်းသာခီ၊ ဥက္ကာဟိန်း၊ ပိုပိုနဲ့ ပန်ပန်တို့က ပါဝင်သရုပ် ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ လေးယောက်သားဘယ်လိုအတွဲညီညီနဲ့ သီချင်းကို ပုံဖော် မလဲဆိုတာတော့ MTV လေးကို ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပါပဲ။

အမြဲလိုလိုသီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားနိုင်စွမ်း ရှိတဲ့ အဆိုတော်မလေး ပိုပိုတစ်ယောက် ဒီတစ်ခေါက်မှာလည်း အလန်းစားသီချင်းတစ်ပုဒ် နဲ့ ပရိသတ်တွေ ကို ဆွဲဆောင်တော့မယ်ဆိုတာ သေချာနေပါပြီ။ သီချင်းခွေလေးထွက်လာရင် တော့ ပရိသတ်ကြီးက အပြေးလေးအားပေးလိုက်ပါဦးလို့။

Photo - Oakar Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။