ကချင်တိုင်းရင်သူလေးအောန်ဆိုင်းတစ်ယောက် သူမရဲ့စင်မြင့်ထက်က အလှပဆုံးပုံရိပ်တွေ ကို တင်ထားတာပဲဖြစ်ပါတယ်။ Wedding Show ပွဲမှာလျောက်ခဲ့တာဖြစ်ပြီး သူမရဲ့စင်မြင့် ထက်က ပုံရိပ်တွေက ကြွေချင်စရာကောင်းလွန်းခဲ့ပါတယ်။ သူမရဲ့ အမိုက်စား အကြွေစင်ပုံရိပ် တွေကို " မနေ့ညက the wedding show ပွဲမှ kaung Myat couture ဝတ်စုံလေးပုံလေး တွေပါ ဒီလိုဝတ်စုံ လှလှလေးတွေဆင်ပေးတဲ့ ကိုကောင်းမြတ် ( kaung myat couture ) အလှဆုံးပြင်ဆင်ပေးတဲ့ May Oo Maung အားလုံးကိုကျေးဇူးပါရှင်" ဆိုပြီးတင်ထားတာ ပဲဖြစ်ပါတယ်။

မော်ဒယ်အလုပ်တွေနဲ့ပဲ အမြဲလိုလိုတွေ့ရတဲ့သူမဟာ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ " နိုင်ငံကြီးသား " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါ တယ်။ သူမရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အစွမ်းကုန်ကြိုးစားထားမှာ အသေအချာ ပါပဲ။ တိုင်းရင်းသူလေးဖြစ်ပြီး လှပ လွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ စူပါမော်ဒယ် တစ်ဦးအဖြစ်နဲ့ ရပ်တည်နေတာ အချိန် အတိုင်း အတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

အဖြူရောင်သတို့သမီးဂါဝန်ကိုဝတ်ဆင်ထားတဲ့ သူမရဲ့ပုံရိပ်တွေက တကယ်ကို ကြွေချင်စရာ ပါပဲ။ လှပလွန်းတဲ့ မင်္ဂလာဝတ်စုံနဲ့ ကျော့ရှင်းလွန်းတဲ့သူမရဲ့အလှတွေပေါင်းစပ်လိုက်တဲ့ အချိန်မှာ ဖြစ်ပေါ် လာတဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ပါတယ်။

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။