ခေတ်တခါက နာမည်ကြီး မင်းသမီး ဖြစ်သလို လက်ရှိမှာလည်း အောင်မြင်နေတဲ့ မင်းသမီးဖြစ်တဲ့ ခင်ဇာခြည်ကျော် ဟာ အရွယ်ရပြီး ဖြစ်နေပေမဲ့လည်း နုပျိုလှပနေဆဲလို့ ဆိုရမှာပါ။ အရင်ခေတ် တခါက ကြော်ငြာမင်းသမီး၊ ပြက္ခဒိန် မင်းသမီး လို့ တင်စားရလောက်အောင် အကယ်ဒမီ မို့မို့မြင့်အောင် ၊ ဦး ဇင်ဝိုင်း၊ ဦး ရန်အောင်၊  နဲ့အတူ တခေတ်တခါထဲ အောင်မြင်ခဲ့တဲ့ မင်းသမီး ခင်ဇာခြည်ကျော်ကတော့ လက်ရှိမှာလည်း အမေခန်း၊ အမခန်း တွေမှာ သရုပ်ဆောင်နေရဆဲဖြစ်ပါတယ်။

ဆယ်စုနှစ်တမျှ ကြာခဲ့ပြီဖြစ်ပေမဲ့လည်း သူမရဲ့ တချိန်က လှပကျော့ရှင်းတဲ့ နုပျိုမှုတွေကို ပြန်လည်ချပြလိုက်ပါတယ်။ 1994 ခုနှစ်လောက်က သူမကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ ပြက္ခဒိန်ပုံလေးတွေကို  သူမရဲ့ Facebookစာမျက်နာထက်ကနေ မျှဝေလိုက်ပြီး ပုံထဲမှာ အတူရိုက်ကူးခဲ့ကြတဲ့  အနုပညာရှင်တွေက ဘယ်သူလဲ ဆိုတာပရိသတ်တွေ ရိပ်စားမိကြမယ် ထင်ပါတယ်။

1994 ခုနှစ်လောက်က နုပျိုလတ်ဆတ်တဲ့ အပြုံးတွေကိုယ်စီနဲ့ ငယ်ရွယ်တဲ့ အလှတွေနဲ့အတူ ဒီနေ့ခေတ်အခါမှာတော့ ယနေ့တိုင် ရုပ်ရှင်တွေရဲ့ အဖေခန်း၊ အမေခန်းတွေမှာ သရုပ်ဆောင်နေဆဲ မမို့၊ ကျော်ရဲအောင်၊ ဇင်ဝိုင်း ၊ မြတ်ကေသီအောင်၊ ရဲအောင် တို့နဲ့ အတူ မင်းသမီး ခင်ဇာခြည်ကျော်ကို တွေ့ရှိရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ဇာခြည်ကျော်ဟာ အရွယ်ရောက်နေပြီဖြစ်တဲ့လူပျိုပေါက် အရွယ်သားလေးကို ပိုင်ဆိုင်ထားပြီဖြစ်သလို အမေတူခပ်ချောချောမွေးထားတဲ့အတွက် ယနေ့ခေတ်ရဲ့ ပျိုမဒီတွေကြား မျက်နာပွင့်လန်းတဲ့ သားရှင်အနေနဲ့ ရေပန်းစားလို့ နေပြန်ပါတယ်နော်။

source: Khin Zarkyi kyaw; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။