Miss ရွှေစည်အိမ်ဆိုရင် အရပ်မြင့်မြင့်၊ ဆံပင်နက်နက်နဲ့ မျက်နာကျ က ဘိုဆန်ဆန်လေးမို့ လူတိုင်းက သတိပြုမိကြမယ်ထင်ပါတယ်။ သူမဟာ Miss Grand Myanmar winner ဆုကို သရဖူဆောင်ခဲ့ဖူးသူ ဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေကနေ သရဖူ ပြန်သိမ်းခံရပြီး နိုင်ငံတကာမှာ ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်ဖို့ အခွင့်အရေး ဆုံးရံှူးခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်မြင်တဲ့ ကြော်ငြာ၊ မော်ဒယ်လ် ၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောကမှာ နေရာယူနေသလို သူမရဲ့ အချိုးကျလှပပြီး ကျန်းမာတဲ့ ကိုယ်ခန္ဓာအချိုးအစားက တကယ့်ကို အားကျဖွယ်ဖြစ်ပါတယ်။

နောက်ထပ် သတင်းကောင်းလေးတစ်ခုကတော့ သရုပ်ဆောင်၊ မေည်ဒယ်လ် အဖြစ်သာမက အိမ်စည့်ကို Miss တစ်ယောက်အဖြစ်ထပ် ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ Miss Golden Land Myanmar ကနေ ကျင်းပပြုလုပ်မဲ့ အလှမယ် ရွေးချယ်ပွဲမှာ ရခိုင်ပြည်နယ်ကိုယ်စားပြု အဖြစ် သူမကို အလှမယ်လောကရဲ့ စင်မြင့်ထက်ကနေ ပြန်လည် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ Miss Rakine State 2018 အဖြစ် သူမ ပြန်လည် Miss လောကထဲ ဝင်ရောက်ခဲ့သလို သူမကို အားပေးမဲ့ ပရိသတ်တွေကလည်း အမှန်တကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေကြပါတယ်။

အသက်(19) နှစ်သာ ရှိသေးတဲ့ အိမ်စည်ကတော့ အလှမယ်တစ်ယောက်ရဲ့ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသလို ကျန်းမာလှပတဲ့ ကိုယ်ခန္ဓာအချိုးအစား၊ အရပ်အမောင်း၊အလှမယ်တစ်ဦးရဲ့  မျက်နာကျ၊ အင်္ဂလိပ်စာစွမ်းရည် တို့နဲ့ အတူ သူမသာ Miss Golden Land Myanmar စင်မြင့်ထက် သရဖူဆောင်းတစ်ခု ဆောင်းနိုင်ခဲ့မယ်ဆိုရင်တော့ မြန်မာ နိုင်ငံအတွက် အလားအလာကောင်းတွေ အများကြီးကို သယ်ယူနိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။ သူမ အနေနဲ့ Missလောကကို ပြန်လည်ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း ကို Asean Beauty Pegeant စာမျက်နာထက်မှာလည်း ဖော်ပြခြင်းခံခဲ့ရတာမို့ သူမ အနေနဲ့ တကယ်ကို ဂုဏ်ဆောင်နိုင်မဲ့ အလှမယ်တစ်ဦး ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်နော်။

source: Shew Eain Si;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။