အူဝဲ ဆိုရင် မချစ်၊ မကြိုက်သူ မရှိသလောက်နည်းလောက်အောင် ပရိသတ်တွေ အချစ်ကို အပြည့်အဝ သိမ်းပိုက်ထားနိုင်တဲ့ ပြည်သူချစ် မင်းသမီးလေးဖြစ်ပါတယ်။ လက်ရှိမှာ သူမဟာ သားနဲ့ သမီးလေး နှစ်ယောက်ထွန်းကားပြီး မွေးဖွားပြီးပေမဲ့လည်း ယနေ့တိုင် မပြောင်းလဲပဲ အလှမပျက်ရှိနေဆဲဖြစ်ပါတယ်။

အူဝဲ ရဲ့ ခင်ပွန်းဖြစ်သူကလည်း ပရိသတ်တွေရဲ့ အသည်းကျော် အကယ်ဒမီ မင်းသား  ပြေတီဦး ဖြစ်သလို အူဝဲနဲ့ ပြေတီဦး တို့ ဇနီးမောင်နှံ နှစ်ဦးလုံးဟာ အနုပညာလောကမှာသာမက အိမ်ထောင်ရေးမှာပါ အောင်မြင်သာယာတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ဟစ်တိုင်ရဲ့ ရုပ်ရှင် ရိုက်ကွင်း၊ ရိုက်ကွက်တွေအတွက် ရူတင် တစ်ခုနဲ့ ခရီးထွက်နေရတဲ့ အူဝဲဟာ ချစ်ခင်ပွန်းနဲ့ သမီးနှစ်ယောက်ကို ခဏတာ ခွဲနေရပါတယ်။

ရှူတင်ကို ပြီးပြီးချင်းပဲ လေယာဉ်ကြီးလို့ သူမ ရဲ့ အသည်းနှလုံး၊ သူမ ကမ္ဘာ့ဖြစ်တဲ့ ခင်ပွန်း၊ သားနဲ့သမီး တွေရှိတဲ့ ရန်ကုန်မြေကို အပြေးလေးပြန်လာခဲ့သလို လေယာဉ်ပေါ်က အမှတ်တရ ပုံလေးတွေကိုပါ မျှဝေလိုက်ပါတယ်။ ရန်ကုန်ကို အမြန်ဆုံးနဲ့ သူမ ကမ္ဘာလေးဆီ ပြန်ခဲ့ပြီး မိသားစုလိုက် အမှတ်တရ ပုံလေးတွေပါ သူမရဲ့ Facebook စာမျက်နာထက် မျှဝေထားပါတယ်။

source: Eain dara kyaw Zin; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။