မြန်မာအိုင်ဒေါ မိသားစုဝင်တစ်ဦးဖြစ်တဲ့ season 2 Number 4 ပြိုင်ပွဲဝင် မိုင်းမိုင်ဆန်းကတော့ မြန်မာပြည်သိန်းတန်ဟာ အစီအစဉ်အောင်မြင်ဖို့အတွက် ဘီလူးဆိုင်း တီးပေးရတဲ့သူ ဖြစ်တယ်လို့ ဖွင့်ပြောလိုက်ပါတယ်။ Rockerမလေး မိုင်းမိုင်ဆန် ဟာ Myanmar Idol Season 2 မှာ ပရိသတ်တွေအားပေးမှုကို ရရှိထားတာလည်းဖြစ်ပါတယ်။ ဝေဖန်သံတွေဆူညံနေတဲ့ အချိန်မှာ မိုင်းမိုင်ဆန်က သူမရဲ့ ဖေ့ဘုတ်ကနေ ခုလိုအကျိူးသင့်အကြောင်းသင့် ပြောလိုက်တာပဲ ဖြစ်ပါတယ်။

သူမဟာ Myanmar Idol နဲ့ပတ်သက်ပြီး သူမအမြင်ကိုမျှဝေခဲ့ရာမှာ“ခုခေတ်ကျနော်တို့နိုင်ငံအခြေအနေက ပေါ်ပင်တစ်ခုခုလုပ်ရင်သိပ်လူသိမြန်တဲ့ နိုင်ငံလေ... လူစိတ်ဝင်စားတာပေါ့နော်..ကောင်းတာ ထက်ဆိုးတာကို လူတွေကသိပ်လူသိမြန်ကြတာ...ဒီအချိန်မှာအန်ကယ်က ဘီလူးဆိုင်းတီးပြရတော့တာပေါ... အစီစဉ်တစ်ခုအောင်မြင်ဖို့ ဗီလိန်မင်းသားတစ်ယောက်ကလည်းမရှိမဖြစ်လိုအပ်ပါတယ်...ဘာဘဲပြောပြော Idol ကိုအသက်ပြန်ဝင်စေခဲ့တဲ့အန်ကယ်ကို ကျေးဇူးတကယ်တင်မိတယ်” ဆိုပြီး ဖွင့်ပြောလိုက်တာ ဖြစ်ပါတယ်။Voting စနစ် နဲ့ လုပ်တာဖြစ်လို့ ကိုယ့်အားပေးတဲ့ သူ တစ်ယောက်ပြုတ်တိုင်းပြုတ်တိုင်း တခြားပြိုင်ပွဲဝင်တွေရဲ့စိတ်ဓာတ်ကို ရိုက်ချိုးတာတွေမလုပ်ဖို့ မေတ္တာရပ်ခံထားပါသေးတယ်။

မိုင်းမိုင်ဆန်တစ်ယောက် နေခန့်မင်းသစ်ဘက်ကနေရပ်တည်ပြီးလည်းပြောပြထားပါသေးတယ်။ပြီးခဲ့တဲ့အပတ်မှာ နေခန့်မင်းသစ် Save ခံခဲ့ရတဲ့အတွက် နီလန် နဲ့ ဇော်ကြီးနှစ်ယောက်ပြုတ်ခဲ့တာမို့ နေခန့်မင်းသစ်ကို တခြားပရိသတ်တွေက ဝေဖန်နေကြတာပါ။ ဝါရင့်ဂီတကဝေ မြန်မာပြည်သိန်းတန်က မြန်မာအိုင်ဒေါဟာ ဇာတ်ညွှန်းနဲ့ လုပ်နေတာ မဟုတ်ကြောင်းလည်း တုန့်ပြန်ထားပါတယ်။ ပရိသတ်ကြီးရေ မိုင်းမိုင်ဆန် ပြောထားသမျှအစအဆုံးကိုသေချာဖတ်ကြည့်ပြီး ကိုယ့်ရဲ့ အမြင်ကို မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - Mai Mai Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။