ချစ်ပရိသတ်ကြီးရေ စကားသံချိုချိုလေးနဲ့ပြောဆိုတတ်ပြီး ပန်းနုသွေးနာမည်လေးနဲ့ ပရိသတ်တွေရဲ့အချစ်ကို ရယူခဲ့တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကိုတော့ ပရိသတ်ကြီးရင်းနှီးချစ်ခင်ကြမယ် ထင်ပါတယ်။ သနားကရုဏာသက်ချင်စရာ မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့စိတ်ကိုဖမ်းစားခဲ့ပြီး ပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ကျော်ကြားလာသူလေး ဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့ပြီး အခုဆိုရင် ရုပ်ရှင်မင်းသမီးလေးအဖြစ်လည်း သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လတ်တလောမှာ သူမက မြင့်မြတ် ၊ သင်ဇာဝင့်ကျော်၊ အိချောပိုစတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ " အချစ်ဆုံး Crush" ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးနေပါတယ်။ မေက သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိတ်သတ်တွေကို အမြဲဝေမျှလေ့ ရှိပါတယ်။ အခုလည်း မေက LG Red Saturday Private Event တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ Facebookမှာ တင်ထားတာတွေ့ရပါတယ်။

LG Myanmar ရဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့မေ့ကို အနီရောင်ဝတ်စုံလေးနဲ့အတူ တင့်တယ်ဝင့်ကြွား လှပနေတာ တွေ့ရပါတယ်။ သူမက " အနီရောင်ချစ်ခြင်းတွေနဲ့ LG" ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့တည်ငြိမ်ရင့်ကျက်စွာ လှနေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း အနီရောင်ဖက်ရှင်နဲ့ မြင်သူငေးအောင် လှနေတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကို ရှုစားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: May Myint Mo; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။