ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောမိုးဟေကိုကတာ့ လတ်တလောမှာ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း အခမ်းအနားပွဲတော်တော်များများကိုတော့ တတ်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

မကြာခဏဆိုသလို အခမ်းအနားပွဲတွေတတ်ရောက်ဖြစ်နေတဲ့ မင်းသမီးမိုးဟေကိုဟာ ဇူလိုင်လ(၂၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာကောင်းမြတ်ရဲ့ "The First Wedding Show" လေးကိုလည်း တတ်ရောက်ခဲ့ပါသေးတယ်..။

အခမ်းအနားပွဲတတ်ဝတ်စုံလေးကတော့ ထူးထူးခြားခြား ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာဝတ်ဖို့ရည်ရွယ်ထားပြီး ဒီဇိုင်နာကောင်းမြတ်ဖန်တီးချုပ်လုပ်ပေးထားတဲ့ မဝတ်ဖြစ်ခဲ့တဲ့ သူမရဲ့အကယ်ဒမီပွဲတတ်ဝတ်စုံလေးနဲ့ ပွဲတတ်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်..။

အချိုးအစားကျနပြီး သူမနဲ့လည်းလိုက်ဖက်ညီလွန်းနေတဲ့ မြန်မာဝတ်စုံဖက်ရှင် Evering Gown ဝတ်စုံလေးနဲ့ ပွဲတတ်လာတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပြီး အကယ်ဒမီပေးပွဲမတတ်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းလေးကိုလည်း မိုးက ပြောပြထားပါသေးတယ်..။

သူမအကယ်ဒမီပေးပွဲကို မတတ်ရောက်ဖြစ်ခဲ့တဲ့အကြောင်းရင်းလေးကတော့ သူမမိခင်ရဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် အကယ်ဒမီပေးပွဲကို မတတ်ရောက်ဖြစ်ခဲ့တာပါဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်..။

မင်းသမီးချောမိုးဟေကိုကတော့အနုပညာအလုပ်တွေကို လတ်တလောမှာသိပ်မလုပ်ဖြစ်တော့ဘဲ ကျန်းမာရေးသိပ်မကောင်းတဲ့ မိခင်ဖြစ်သူကို ပြုစုနေမို့ သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်..။

ချစ်ရတဲ့ပရိသတ်တွေကလည်း မင်းသမီးချောလေး မိုးဟေကိုအတွက် အားပေးစကားလေးတွေပြောပေးသွားပါဦးနော်..။

Photo - မိုးဟေကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။