တေးသံရှင် အဆိုတော် ချမ်းချမ်းကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။မယ်လိုဒီဝေါသီချင်းဆို ပြိုင်ပွဲကနေ နာမည်ရအဆိုတော် တစ်ဦးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ကောင်းမွန်တဲ့အသံပါဝါကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့သူမဟာ "သို့ ...ချစ်နေတုန်းပဲ အခွေထဲက Honey.. သီချင်းလေးကိုရိုက်နေတဲ့ပုံလေးတေပါ"ဆိုတဲ့စာသားလေးနဲ့ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ဓာတ်ပုံတွေကတော့ ကမ်းခြေမှာ အလန်းစားဓာတ်ပုံတွေပဲဖြစ်ပါတယ်။

ရေကူးဝတ်စုံလေးနဲ့ ကမ်းခြေမှာ လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ ချစ်ပရိသတ်တွေမြင်တွေ့ရမှာပါ။သူမကတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ့် သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အိမ်ထောင်ကျပြီး သမီးလေးတစ်ဦးကို ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ဓာတ်ပုံတွေကိုလည်း မျှဝေထားပါသေးတယ်...

သတင်းအရင်းအမြစ်-ချမ်းချမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။