နှစ်လိုဖွယ်ကောင်းတဲ့အပြုံးအလှပိုင်ရှင်လေး မိုးယုစံကိုတော့ ပရိသတ်ကြီးက အားပေးချစ်ခင်ပြီးသား ဖြစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်ရာမှာလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်တတ်ပြီး ပရိသတ်တွေရဲ့အားပေးမှုနဲ့ အောင်မြင်မှုများစွာ ရရှိထားသူလေး ဖြစ်ပါတယ်။ ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့သူမက အခုချိန်မှာတော့ သရုပ်ဆောင်အလုပ်ကို ရပ်နားထားပြီး မိသားစုအနဲ့အတူ ပျော်ရွှင်အေးချမ်းနေတာ တွေ့ရပါတယ်။

မကြာသေးခင်မှ ချစ်စရာကောင်းတဲ့သားငယ်လေးကို ပိုင်ဆိုင်ခဲ့တဲ့ သူမက အခုတော့ အနုပညာအလုပ်တွေကနေ အနားယူထားတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာကိုယ်အဝလွန်ခဲ့ပေမယ့် အခုချိန်မှာတော့ တစ်သားမွေးတစ်သွေးလှဆိုသလို အရင်ကထက်ပိုလှလာတာ တွေ့ရပါတယ်။ သားလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့ သူမတို့ရဲ့ပုံလေးတွေကိုလည်း Facebook မှာ တင်လေ့ရှိပါတယ်။ အခုလည်း မိုးယုစံက သားလေးအပါအဝင် မိသားစုနဲ့အလှူပြုလုပ်ခဲ့တဲ့ ပုံလေးတွေကို အသစ်တင်ခဲ့ပါတယ်။

မိုးယုက "ဆွမ်းကပ် ဝါဆိုသင်္ဃန်းကပ် ကျောင်းတွက်လှူ ဘိုးဘိုးဘွားဘွားကန်တော့ မပါမဖြစ်အစီစဉ်အရသီချင်းဆို happy Sunday " ဆိုတဲ့စာသားလေးနဲ့အတူ မိသားစုစုံစုံလင်လင် ကုသိုလ်ပြူနေကြတဲ့ ပုံရိပ်တွေကို တင်ခဲ့ပါတယ်။ မိုးယုရဲ့သားလေးကလည်း ကိုယ်တိုင် သံဃာတွေကို ကပ်လှူနေပုံလေးက တကယ့်ကို အပြစ်ကင်းပြီး ချစ်စရာကောင်းနေပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း သာဓုခေါ်ချင်စရာကောင်းလှတဲ့ မိုးယုစံတို့မိသားစုရဲ့အလှူပုံရိပ်လေးတွေကို ကြည့်ရှုဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Moe Yu San ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။