ကမ္ဘာကျော်ပေါ့ခ် အဆိုတော် Selena Gomez ဟာ ဇူလှိုင်လ(၂၂) ရက်နေ့မှာ သူမရဲ့ အသက်(၂၆) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ သူမကို အရမ်းချစ်ကြတဲ့ သူမရဲ့ ချစ်သူ ခင်သူ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတူ ဖြတ်သန်းခဲ့ပြီး သူမ အတွက် အမှတ်တရကောင်းတွေကို ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

သူမရဲ့ မွေးနေ့ မတိုင် ဇူလှိုင်လ(၂၁) ရက်နေ့ ကတည်းက အကြိုမွေးနေ့ ပြုလုပ်ခဲ့ပြီး ချောကလက်Cake လေး တစ်ခုအပေါ်မှာ ဖယောင်းတိုင်လေး တစ်ချောင်း ထွန်းပြီးပျော်ရွှင်စွာ ဆုတောင်းနေတဲ့ Selena ရဲ့ အပြုံးတွေက တကယ်ကို အပူအပြင်တွေ ကင်းပြီး ကြည်လင်နေတာကိုတွေ့ရမှာပါ။ ဇူလှိုင်လ(၂၂)ရက်နေ့မှာ သူငယ်ချင်းတွေ ဖြစ်တဲ့ caro franklin နဲ့ အတူ အခြားသော သူငယ်ချင်းတွေက လည်း သူမကို အခန်းထဲမှာ မွေးနေ့ Suprise ပြုလုပ်ပေးခဲ့ပြီး သူမ ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျခဲ့ရပါသေးတယ်။

သူမရဲ့ မွေးနေ့ ပါတီကိုတော့ connar franklin ဆိုတဲ့ သူငယ်ချင်း မိန်းမလှလေးတွေနဲ့ အတူ အပျော်စီး သင်္ဘောကြီးရဲ့ ထက်မှာ ညစာစား ကျင်းပခဲ့ကြပြီး အားလုံးပြုံးပျော်လို့ မွေးနေ့ ဆုတောင်းတွေ တောင်းပေးခဲ့ကြပါတယ်။ ဘတ်ဒေးကိတ်ခွဲပြီး Selena အတွက် တေးသီချင်းတွေ သီဆိုခဲ့ကြသလို ဘတ်ဒေးဖဲကြိုးလေးတွေနဲ့ သူမကို မွေးနေ့ပွဲ ကျင်းပပေးခဲ့ကြပါတယ်။

source: Instagram & selena all news;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။