ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု စပေါ့ကျေးရွာအနီး မြန်မာသူရ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီ ကျောက်မျက်လုပ်ကွက် ကျောက်တောင်ကမ်းပါးပြိုကျမှုကြောင့် စပေါ့ကျေးရွာမှ တပိုင်တနိုင် လက်ကျင်းတူးသူ လူငယ်နှစ်ဦး မြေပိသေဆုံးခဲ့ ။ မြေမြုပ်သွားသူ နှစ်ဦး အလောင်းများအား ဆိပ်မူ ရဲကင်းမှူး ရဲအုပ် ထွန်းအောင်နှင့် ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင်တို့မှ စက်ယန္တယားများဖြင့် ရှာဖွေရာ တစ်ဦးရှာဖွေ တွေ့ရှိပြီး ကျန်တစ်ဦးဆက်လက်ရှာဖွေရာ ၁၂.၀၀ နာရီတွင် နှစ်ဦးစလုံး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည် ။ ရှာဖွေ့ရှိသော အလောင်းများအား ဆိပ်မူ ကျေးရွာ သင်္ခါ လူမှုကူညီရေး အသင်းကားဖြင့် ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားပါသည် ။ ဆိပ်မူရဲကင်းမှူး ရဲအုပ်ထွန်းအောင်မှ သေမှုသေခင်းဖွင့် ဆောင်ရွက်သွားမည်ဟုသိရပါသည် ။

သေဆုံးသူများမှ စပေါ့ကျေးရွာမှ ကို ရဲမင်းဇော် နှင့် ကိုစိုင်းအောင် ဆိုသူတို့ ဖြစ်သည်ဟု သိရပြီး အောက်ပိုင်းဇာတိ ကသာမြို့နယ် သံပရာ ကျေးရွာမှဟု သိရှိရပါသည် ။

ဇော်မိုးထက် ( ဖားကန့် )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။