အက်ရှင်မင်းသား ဖြစ်သလို ဒရမ်မာနဲ့ အချစ်၊ အလွမ်း အားလုံးကို ပိုင်နိုင်တဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ စည်ဖြိုးကတော့ လက်ရှိမှာ "အလင်းနဲ့ လူ" အက်ရှင် ဇာတ်လမ်းကို ရိုက်ကူးနေသလို မကြာခဏဆိုသလို သူ့ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ လှူတန်းမှုတွေ ပြုတတ်တဲ့ သူလေးဖြစ်ပါတယ်။

ကွယ်လွန် ခဲ့ပြီး ဖြစ်တဲ့ အဒေါ် ဖြစ်သူ အကြားအမြင် ဆရာမ အန်တီ အီးတီ အတွက် သိန်း(၈) ထောင်မကတဲ့သိမ်၊ဆွမ်း၊ ကျောင်း စသဖြင့် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို လက်ရှိမှာလည်း မကျန်းမာတော့လို့ အနုပညာ အလုပ်တွေ ကို မလုပ်နိုင်တော့ တဲ့ လူရွှင်တော်၊ သရုပ်ဆောင်ဟောင်း ဦးပလာတာ၊ ဦးမန်းဝင်း ၊ ကစ်ကစ် တို့ကို တတ်နိုင်သလောက် လှူဒါန်းကန်တော့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပရဟိတ မင်းသား ချောလေး စည်ဖြိုးကတော့ နိုင်ငံကြီးသား ဆိုတဲ့ ဇာတ်လမ်းတစ်ခု အတွက် နိုင်ငံကြီးသား ပီသစွာနဲ့ ကာရိုက်တာ တစ်ခုကို သရုပ်ဆောင်ရင်း မိန်းကလေး အဝတ်အစား ဝတ်လို့ လွန်စွာမှ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းနေတာကိုတွေ့ရမှာပါ။

ဆံပင် ဂုတ်ဝဲ ခရမ်းရောင်လေးနဲ့ လိုက်ဖက်အောင် မိန်းကလေး တစ်ယောက်လို ပြင်ဆင်ထားပြီး တကယ့်ကို ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေက အသည်းယားနေကြပါတယ်။ စည်ဖြိုးရဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေး ဝတ်စုံလေးနဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်သလို စည်ဖြိုးရဲ့ ဇာတ်လမ်းတွေ ထွက်ရင် ဆက်လက်အားပေးပါဦးနော်။

source: Si phyo ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။