လာမယ့် 27 ရက်နေ့မှာ ရုံတင်ပြသမယ့် " Co2 " ဇာတ်ကားဟာ ထိတ်လန့်ခြောက်ခြားဖွယ် သရဲဇာတ်ကားဖြစ်ပြီး ကြည့်ရှုသူတွေရဲ့စိတ်ကိုလည်း အပြည့်အ၀ ဆွဲဆောင်သွားနိုင်မယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ခြောက်ခြားထိတ်လန့်ဖွယ် ဖြစ်ရပ်တွေကို တကယ့်အပြင်မှာ လက်တွေ့ကျကျ ဖြစ်နေသလိုသရုပ်ဆောင်ရတာမို့ တကယ့်ကိုပီပြင်တဲ့ ဇာတ်ရုပ်နဲ့ ခြောက်ခြားဖွယ်ဇာတ်ဝင်ခန်းတွေဟာ ပရိသတ်တွေရဲ့ ကြည့်ချင်စိတ်ကို ပိုမိုနှိုးဆွနေသလိုပါပဲ။

ဒီဇာတ်ကားထဲမှာတော့ ဖွေးဖွေး သူငယ်ချင်းဖြစ်သူရဲ့ အောက်လမ်းနဲ့တိုက်ပြီး ပြုစားခံရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ရ တာပဲဖြစ်ပါတယ်။ သူမရဲ့ခြေထောက် ပေါ်မှာ လောက်တွေတင်တဲ့အခန်းကို ရိုက်ကူးစဉ်မှာ တကယ့်လောက်အစစ်တွေကို တင်ရ တာမို့ နံလည်းနံ ကြောက်လည်းကြောက်ပြီး သူမက ငိုခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလောက် အစစ်တွေကို ကြက်သေကောင်ပုပ်ကနေ ရအောင်လုပ်ခဲ့တာမို့ ရုပ်ရှင် ရိုက်ကူးနေတဲ့ အိမ်အပြင် အနီးပတ်ဝန်းကျင်တွေအထိပါ နံတယ်လို့ သူမကဆိုပါတယ်။

သဏ္ဍာန်လုပ်သရုပ်တူဆိုတဲ့အတိုင်း အကောင်းဆုံး အပင်ပန်းခံကြိုးစားခဲ့တာကြောင့် အမိုက် စားဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်ဆိုတာ အသေအချာ ပါပဲ။ ဒီလိုလောက်တွေသူမရဲ့ ခြေထောက် ပေါ်ကို တင်တဲ့အခန်းမှာ သူမကရှိုက်ကြီးတငင်ငိုမိတာကို " တနေ့သေရင်လောက်ထွက် မှာပဲလေ ဆိုတာ သိပေမယ့် မသေခင် လောက်တက်ခံရမယ်လို့တော့ ဘယ်တုန်းက မှ မတွေးထားမိလို့ပါ ငိုပြဇေနော်" ဆိုပြီး ပြန်လည်ပြောဆိုထားပါ တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလို အကောင်တွေကိုကြောက်ရွံ့တာမို့ ဖွေးစိန်တစ်ယောက် ပရိသတ်အတွက် ကြောက်ကြောက်နဲ့ ငိုပြီးရိုက်ထားတဲ့ ဒီအခန်း လေးကတော့ တကယ့်ကိုအမှတ်တရဖြစ်နေမှာ အသေအချာ ပါပဲ။

Photo - Co2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။