တစ်ချိန်က " All about that Bass" သီချင်းလေးနဲ့ Billboard Chart ရဲ့ ထိပ်ဆုံးမှာ နေရာယူခဲ့ဖူးတဲ့ သီချင်းပိုင်ရှင် အမေရိကန် အဆိုတော်မလေး Meghan Trainor ကတော့ 1993 ခုနှစ် December 22 ရက်နေ့ မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက်(၂၅) နှစ် ရှိပြီ ဖြစ်ပါတယ်။R&B၊ pop၊ doo-wop ၊ blue-eyed soul နဲ့ hip hop ကဲ့သို့ သော သီချင်းအမျိုးအစားတွေကို သီဆိုသူဖြစ်ပြီး လက်ရှိမှာတော့ Grammy Award ဆု တစ်ဆု၊ Music Business Association's ဆုတစ်ဆု နဲ့ Billboard Music Awards ဆု နှစ် ဆုကို ရရှိထားပါတယ်။

အသက်(၁၅) နှစ်လောက်ကတည်းက သီချင်းတွေ သီဆိုခဲ့ပြီး 2011 ခုနှစ်မှာ Big Yellow Dog Music နဲ့ လက်မှတ် စာချုပ်ရေးထိုးခဲ့ပြီး သီချင်းရေးတဲ့ သီချင်းရေးဆရာအဖြစ် ပါ စတင်ခဲ့ပါတယ်။ 2016 ခုနှစ်မှာ အကောင်းဆုံး အနုပညာရှင် တစ်ဦး အဖြစ် ဂရမ်မီဆုကို ရယူနိုင်ခဲ့ပြီး "I'm a Lady" သီချင်းကို လည်း 2017 ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီး Smurfs: The Lost Village ကာတွန်းကားလေးမှာ ဇာတ်ဝင်တေး သီချင်း အဖြစ် ပါဝင်ခဲ့ပါတယ်။

သူမ ရဲ့ ၀၀ပြည့်ပြည့် ကိုယ်ခန္ဓာအချိုးအစားလေးက သူမ ပရိသတ်တွေကြားမှာ ပိုမို အချစ်ပိုစေသလို သူမ ရဲ့ ချစ်သူဖြစ်တဲ့ အမေရိကန်လူမျိုးမင်းသား Daryl Sabara ကလည်းယနေ့တိုင် ချစ်မ၀ ရှိနေဆဲ ဖြစ်ပါတယ်။ Daryl နဲ့ Meghan တို့ရဲ့2015 ခုနှစ်လောက်က စတင်ခဲ့တဲ့ အချစ်ရေးဟာ လက်ရှိမှာတော့ ချစ်သူ သက်တမ်းဟာ (၂) နှစ် ဝန်းကျင်မှာ ရှိလာပြီ ဖြစ်သလို လွန်ခဲ့တဲ့ 2017 ခုနှစ် ဒီဇင်ဘာလောက် ကတည်း သူတို့ စေ့စပ်ခဲ့ပြီးဖြစ်ပါတယ်။ သူမရဲက နောက်ဆုံး Update သီချင်းအနေနဲ့ ဇူလှိုင် လ (၂၀) ရက်နေ့ မှာတော့ "Treat Myself " ဆိုတဲ့ သီချင်ေးလး ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးမှာ ပုံမှန်တွေထက် အမိုက်ဆုံးစားသားလေးတွေနဲ့ တင်ဆက်ထားပြီး ထွက်ထွက်ချင်း (၂)ရက်အတွင်းမှာပဲ Viewer (၄) သိန်းကျော် ရရှိထားပါတယ်။

source: Meghan Trainor ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။