မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ထင်ရှားသူတစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ကတော့ ပရိတ်သတ်ကြီးကို ကန်တော့လိုက်ပါတယ်လို့ ပြောလာပါတယ်။ခုဆိုရင် Top 4 အဆင့်ကို ရောက်ရှိသွားပြီဖြစ်လို့ နည်းတဲ့အဆင့်မဟုတ်ပါဘူး၊ ဒီလောက်ထိအားပေးကြတာ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်ဆိုပြီး သူမရဲ့ ဖေ့ဘုတ်ကနေ ပြောလိုက်တာဖြစ်ပါတယ်။ချစ်စဖွယ်ဆိုဟန် သွက်လက်တဲ့ ကိုယ်နေအထား ချိုသာတဲ့မျက်နှာပေးလေးတွေကြောင့် ပရိသတ်တွေ ရဲ့ အချစ်ကို ရရှိနေတာဖြစ်ပါတယ်။

အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးအတွက် မေတ္တာစကားလက်ဆောင်လေးကို သူမက အခုလိုဘဲပါးခဲ့တာလည်းဖြစ်ပါတယ်.။"Top 4 တဲ့နဲနဲနောနော နေရာကြီးလား ဒီနေရာကြီးကိုပရိသတ်ကြီးကမောင်ချို့ကိုယုံပီးပုံအပ်လိုက်ပီ အဲ့အတွက်ပိုကြိုးစားချင်စိတ်လဲဖြစ်စေတယ်အပတ်တိုင်းမှာကွကိုယ်လဲပြိုင်ခဲ့တယ် တခါတလေ ရှုံးခဲ့တာလဲရှိတယ် အရင်အပတ်ကမောင်ချိုနဲ့ဒီတပတ်မောင်ချိုနဲ့ယှဉ်ပီးကြိုးစားခဲ့တယ်ဒီအပေါ်မှာလဲအသိအမှတ်ပြုပေးတဲ့ မောင်ချို့ကိုချစ်ပီး အားပေးကြတဲ့ ပရိသတ်ကြီးကို မောင်ချိုဒီနေရာကနေ ကန်တော့လိုက်ပါတယ်ပီးတော့ပရိသတ်ရဲ့အားပေးမှုက မောင်ချို့ကြိုးစားမှုရဲ့နှစ်ဆမက အဆပေါင်းများစွာရှိပါတယ် အဲ့အတွက်လဲကျေးဇူးလဲအရမ်းတင်ပါတယ် အရမ်းလဲချစ်ပါတယ် " လို့ သူမကပြောကြားခဲ့တာလည်း ဖြစ်ပါတယ်

ဆက်လက်ပြီး သူမက "ကြိုးစားနေဆဲအချိန်လေးမှာ အားလုံးကိုအချိန်မပေးနိုင်တဲ့အတွက်နားလည်ပေးကြပါလို့ဒီနေ့ညအချိနိရရင် live လွှင့်ပါ့မယ် အချိန်ကတော့ပြန်ပြောပါ့မယ်နော် အားလုံးကိုချစ်ပါတယ် ဆိုပြီး အပြုံးတစ်ပွင့် နဲ့ နှုတ်ဆက်လိုက်တာကိုတွေ့ရပါတယ်။မကြာခင်ကာလမှာ မြန်မာပြည်ကြီးရဲ့ Idol တစ်ယောက်ဟာထွက်ပေါ်လာတော့မှာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မောင်ချိုက ကန်တော့ထားတာမို့ သူမအတွက် ဆုတောင်းမေတ္တာလေးတွေမှတ်ချက်မှာ ပို့သပေးခဲ့ကြပါနော်။

Source - ChanMyae MgCho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။