ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးကတော့ သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး သူမရဲ့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ပွင့်လင်းရိုးသားတဲ့ သူမဟာ သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်လို့လည်း ဖုံးကွယ်ထားတာမျိုး မရှိဘဲ ချစ်သူသက်တမ်း (၈) လပြည့်ပြီဆိုတာကိုလည်း ပြောပြထားတာ တွေ့ရပါတယ်။ သူမတို့ချစ်သူစုံတွဲကတော့ ပရိသတ်တွေကြား ရေပန်းစားတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူမချစ်သူကလည်း သူမရဲ့ဓာတ်ပုံလေးတွေကို အင်စတာဂရမ်မှာ တင်ထားတာ တွေ့ရပါတယ်။ 

သူမချစ်သူရဲ့ အင်စတာဂရမ်က ဓာတ်ပုံတွေအောက်မှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့ အပြန်အလှန်ပြောနေကြတဲ့ စကားလေးတွေကိုလည်း ကြည်နူးဖွယ် တွေ့ရပါတယ်။ နေခြည်ရဲ့ သဝန်တိုနေတဲ့ စာသားလေးတွေကိုလည်း တွေ့ရပြီး အောင်နွေဦးရဲ့ Body အသားပေးရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာတော့ အခုလိုလေး ဝင်ရေးထားတာကို တွေ့ရပါတယ်။ "ဖျက်ရန်အချိန်သုံးမိနစ်ပေးမည်" လို့ ရေးသားထားတာ တွေ့ရပြီး သူမရဲ့ချစ်သူကတော့ "သုံးရက်လောက်တော့ လုပ်လိုက်ကွာ" ဆိုပြီး စျေးဆစ်နေတာလေးကိုလည်း တွေ့ရပါတယ်။

သူမတို့နှစ်ဦး အပြန်အလှန်ပြောနေတဲ့ comment မှာဆိုရင်လည်း ချီချီ့ရဲ့ ပရိသတ်တွေက ဝင်နောက်ထားကြတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ ချီချီတစ်ယောက် သူမရဲ့ ပရိသတ်တွေအတွက် ဗီဒီယိုအသစ်တွေ ပြင်ဆင်နေတယ်လို့ သိရပြီး မကြာခင်မှာ တင်တော့မဲ့ သူမရဲ့ surgery နဲ့ပတ်သတ်တဲ့ video ကိုတော့ ပရိသတ်တော်တော်များများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာလည်း တွေ့ရပါတယ်။

Photo Source : Nay Chi Oo & Aung Nway Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။