အနုပညာလောကရဲ့ နာမည်ကြီး မိသားစုတစ်ခုဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိထားတဲ့ မိသားစုကတော့ ဦးလွင်မိုးနဲ့ မမေသူတို့ မိသားစုပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မမေသူဟာ သမီးကြီး ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရှိရာ သြစတြေးလျကို ရောက်ရှိနေကြောင်း သိရပါတယ်။ သူမရဲ့ instagram မှာလည်း သူမရဲ့ ဓာတ်ပုံလေးတွေနဲ့ သမီးဓာတ်ပုံလေးတွေ တင်ထားတာတွေ့ရပြီး အသိမိတ်ဆွေတွေနဲ့ ဓာတ်ပုံလေးတွေ တင်ထားတာလည်း တွေ့ရပါတယ်။ 

နောက်ဆုံးတင်ထားတဲ့ ဓာတ်ပုံလေးမှာတော့ ဆံပင်အဖျားလေးကောက်ထားတဲ့ ပုံလေးတင်ထားတာ တွေ့ရပြီး သမီးကြီးနဲ့့တူတယ်ဆိုပြီး မိတ်ဆွေတွေကပြောထားကြပါသေးတယ်။ သမီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကလည်း ဆံပင်တွေညှပ်ထားပြီး ဆံပင်တိုလေးနဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ထားတာ တွေ့ရပါတယ်။ 

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးဟာ သူမရဲ့ ခင်ပွန်းနဲ့အတူ မပြီးဆုံးသေးတဲ့ ပညာရေးကို ဆက်လက်သင်ယူလို့နေပါတယ်။ ပရိသတ်တွေကြားမှာလည်း သူမကိုယ်ဝန်ရနေပြီဆိုတဲ့ ကောလဟာလအချို့ ထွက်ပေါ်နေပြီး သူမတို့ဘက်ကတော့ ယခုအချိန်ထိ ပြန်လည်ဖြေရှင်းတာမျိုး မရှိသေးတာကို တွေ့ရပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့ထိရရှိနေသေးတဲ့ ခေးလေးနဲ့ ယနေ့တိုင်လှနေတဲ့ မမေသူတို့သားအမိဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်.....

Photo Source : Yun Wadi Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။