ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည် (ခေါ် )ကစ် ကတော့ ဘယ်တော့ကြည့်ကြည့် မရိုးနိုင်အောင် လှနေသူလေးလို့ ဆိုရမှာပါ။ သူမနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အပြင်အဆင်လေးတွေကို ရွေးချယ်ဝတ်ဆင်တတ်သလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်ကြီးရဲ့ အချစ်ကို အမြဲတမ်း သိမ်းပိုက် နိုင်သူလေးဖြစ်ပါတယ်။အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီတွေ တည်းက တစ်ဦးဖြစ်သလို ဒရမ်မာ၊ ဟာသ၊ အလွမ်း၊ အချစ် ၊ အမုန်း တွေကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကောင်းတစ်လက် လည်းဖြစ်ပါတယ်။ 

ဇူလှိုင်လ(22)ရက်နေ့က ကျင်းပခဲ့တဲ့ ဒီဇိုင်းနာ ကောင်းမြတ် ရဲ့Dress gallery Wedding Showကို အချစ်တွေကို ရည်ညွန်းတဲ့ ပန်းရောင် နုနုကို တန်ဆာဆင် ဝတ်ဆင်လို့ ပွဲတက်ခဲ့တဲ့ ကစ်ရဲ့ အပြုံးတွေက တကယ့်ကို မြတ်နိုးဖွယ် အတိဖြစ်ပါတယ်။ ဒီ Showရဲ့လျှောက်လမ်းပေါ်မှာ သူမ ပါဝင်ခဲ့ခြင်းမရှိပေမဲ့ ဒီပွဲကို မအားလပ်တဲ့ ကြားကတက်ရောက်ခဲ့တဲ့ ကစ်ရဲ့ ပုံရိပ်လေးတွေက တကယ့်ကို ဖြူစင်လှပနေပါတယ်။ ဒီပွဲလေးကို တက်ရောက်ဖို့ ဝတ်စုံလေးကို Dress Galleryကပဲ ဆင်မြန်းပေးထားပြီး တကယ့်ကို ပြေပြစ်လှပတဲ့ မိတ်ကပ်ပြင်ဆင်မှုကိုတော့ မေဦး( Magic) က ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

ခြေလှမ်းတစ်လှမ်းတိုင်း မက ကြည့်လို့ မဝနိုင်တဲ့ ကစ်ရဲ့ အလှကို ဓာတ်ပုံပညာရှင် ကိုနေမင်းထွန်းက ရိုက်ကူးပေးထားပြီးပုံလေးတွေတင်တာနောက်ကျလို့ မျှော်နေကြတဲ့ ပရိသတ်တွေကိုလည်း ကစ် ကတောင်းပန်စကား ဆိုလိုက်ပါသေးတယ်နော်။ကျရာ ဇာတ်ကောင်တွေတိုင်းမှာ ပီပြင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ကို အကောင်းဆုံးသရုပ်ဆောင် နိုင်ခဲ့တာမို့ အနီရောင်ကော်ဇောနီထက် အကယ်ဒမီ ရွှေစင်ရုပ်ထု ဆုကို ရယူနိုင်ခဲ့သူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကစ် ဟာ ရဲတိုက်၊ ရွှေထူး၊ ဒေါင်း တို့ နဲ့ အတူ ဒဏ္ဌာရီမိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေဆဲ မို့ ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါတယ်။ 

source: WuttMhone Shew Yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။