ပရိသတ်အချစ်တော်မင်းသမီးချောလေး ယုသန္တာတင်ကတော့ တစ်ရက်တစ်ခြားအလှတွေပိုလာတာကိုတွေ့မြင်ရပါတယ်။လှပတဲ့ အသားအရောင်နဲ့ သူမရဲ့ အမြဲစမက်ကျကျ နေတက်ပုံလေးတွေက ပရိသတ်တွေကိုဖမ်းစားစေတာအမှန်ပါပဲ။ယခုအခါမှာလည်း ဆန်းသစ်တဲ့ ဖက်ရှင်လေးနဲ့ လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆန်းသစ်လှပတဲ့ ဖက်ရှင်လေးကိုဝတ်ဆင်ထားတဲ့ သူမကတော့ တကယ့်ကိုနန်းဆန်လို့နေပါတယ်။မြင်ရသူပရိသတ်တွေကို ကြွေကျသွားစေမယ့် ညို့အားပြင်းလွန်းတဲ့ အကြည့်တွေနဲ့ စွဲဆောင်မှုရှိနေတဲ့သူမရဲ့အလှကတော့ ပြောစရာမလိုလောက်အောင်ကိုပါပဲ။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ကိုယ်ခုတလောအဇမ်းတွေ ပဲများချင်တယ်ကွယ်ဒီဇိုင်နာကို လေ အရမ်းအရှည်ကြီး မဝတ်ဘူးနော် မတိုဘူးနော် လုပ်တာ ဘောင်းဘီတဖက် လုံချည် တစ်ဖက်ချုပ်ပေးလိုက်တယ် အေးရော"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမဟာပွဲတွေတက်ဖြစ်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။မရိုးနိုင်အောင်လှနေသူလေး ကိုတော့ ပရိသတ်တွေသဘောကျမိမယ်လို့လည်းထင်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအတွက်သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်....

သတင်းအရင်းအမြစ်-ယုသန္တာတင်

photo-Nay Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။