ပရိသတ်ကြီးရေ ချိုသာတဲ့အသံပိုင်ရှင်လေးဖြစ်သလို သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကို အားလုံးကရင်းနှီးကြမယ် ထင်ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာအလှပိုင်ရှင်လေး နန်းမြတ်က သူမကိုယ်တိုင်အချစ်စစ်နဲ့ချစ်ရတဲ့ ချစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ပြီးခဲ့တဲ့နှစ်ကမှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူမတို့ရဲ့မင်္ဂလာပွဲလေးမှာ နန်းမြတ်က အဖြူရောင်နတ်သမီးလေးလို ကျက်သရေရှိပြီး လှနေခဲ့ပါတယ်။

သူမက မင်းသမီးအဖြစ် ဇာတ်ကားများစွာ ရိုက်ကူးခဲ့ရပြီး အဆိုအတော်တစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့လည်း သီချင်းတွေအတူသီဆိုခဲ့ပြီး ပရိသတ်ချစ်ခင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အသံချိူချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ နန်းမြတ်ရဲ့ လက်ထပ်ပွဲကို ပရိသတ်တွေအားလုံးက ဆုမွန်ကောင်းတွေပေးခဲ့ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့ပါတယ်။လတ်တလောမှာတော့ သူမအနေနဲ့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

အခုလည်း နန်းမြတ်က ခင်ပွန်းနဲ့ လက်ထပ်ပွဲက အမှတ်တရပုံရိပ်တွေကို သတိတရနဲ့ Facebook မှာ တင်ထားတာ တွေ့ရပါတယ်။ 2017ခုနှစ် နိုဝင်ဘာလမှာ လက်ထပ်ခဲ့တဲ့ သူမတို့ မင်္ဂလာပွဲလေးဟာ အခုဆိုရင် ၈လရှိနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် နန်းမြတ်က "This is the very best memory of us " ဆိုပြီး သူမတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းမြတ်တို့ရဲ့ မြင်သူအားကျလောက်အောင် ခမ်းနားလှပနေတဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Nan Myat Phyo Thin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။