ရဲတိုက်ရဲ့ နာမည်အရင်းကတော့ လင်းထွန်းဦး ဖြစ်ပြီး ဧပြီ ၁၁ ၁၉၈၄ ခုနှစ်မှာမွေးဖွား ခဲ့ပါ တယ်။ဇာတိမြေက တောင်ကြီးမြို့ ဖြစ်ပြီး မိသားစုမှာ သားအကြီးဆုံးဖြစ်တယ်လို့လည်း သိရပါတယ် ။

ဒီဘဝမှာတော့ အနုပညာသမားမလုပ်ရလို့မဖြစ်ဘူး လို့ ကြွေးကြော်ခဲ့တဲ့ရဲတိုက်ဟာ Studio 07 Audio Engineering ကျောင်းမှာ Film Making Video Making ပညာရပ်တွေကို သင်ယူခဲ့ပါတယ်။ ကင်မရာနောက်ကွယ်က နေလုပ်ရတဲ့ အနုပညာသမားဘဝကိုလည်း သဘောကျတာမို့ Editing ပညာရပ်ကိုသင်ကြားနေရင်းနဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ် လာပါတယ်။

ရဲတိုက်ရဲ့ အမြဲတမ်းလက်သုံးစကားကတော့ "ကျွန်တော်က မင်းသားမဟုတ်ဘူး အနုပညာ သမား" ဆိုတဲ့စကားပါဘဲ ။ သူ့ရဲ့အနုပညာအပေါ်ရူးသွပ်မှုကတော့ တကယ်ကိုကြက်သီး ထစရာကောင်းလောက်အောင်ပါဘဲ ။ အဲ့ဒီနောက်မှာတော့ သူ့လိုပဲ အနုပညာကို ရူးသွပ် ကြတဲ့ ဆာတိုရီ အဖွဲ့သားတွေနဲ့တွေ့ဆုံပြီး မြန်မာရုပ်ရှင်ကားလော ကကို အရှိန်ပြင်းပြင်းနဲ့ တိုးဝင်ကြရင်း သမားရိုးကျဇာတ်လမ်းတွေကနေဖောက်ထွက်ခဲ့ကြပါတယ်။ သူရိုက်ကူးခဲ့တဲ့ ကားတွေက သမားရိုးကျ နေခွဲထွက်ပြီး ပရိသတ်ကိုအတွေးတွေ ပေးတဲ့ကားမျိုးတွေ များပါ တယ် ။ အများနဲ့မတူ တမူကွဲပြားနေတဲ့ ထူးထူးခြားခြား ဇာတ်ကားတွေဘဲ ရိုက်ကူးတတ်တဲ့ ရဲတိုက်ဟာ သရုပ် ဆောင်တဲ့နေရာမှာလည်း အရမ်းကို အသက်ဝင်ပီပြင်တဲ့ မျက်လုံးတွေနဲ့ သရုပ်ဆောင် တတ် တဲ့ သဘာဝမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော် ။

အခုလက်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ ဝတ်မှုန်ရွှေရည် ၊ရွှေထူး ၊ ဒေါင်းတို့နဲ့အတူ ဒဏ္ဍာရီမိုးဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးပုံဖော်နေတယ်လို့သိရပါတယ် ။ ရဲတိုက်ဟာ အခုချိန်ထိ အကယ်ဒမီမရရှိသေးပေမယ့် ပရိသတ်ပေးထားတဲ့ ပရိသတ်ရင် ထဲ က အကယ်ဒမီကိုတော့ ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ကြက်သီးထလောက်အောင် ပီပြင် တဲ့ သရုပ်ဆောင် မှုတွေ နဲ့ အမြဲကြိုးစားသရုပ်ဆောင်တတ်တဲ့ ရဲတိုက်ရဲ့ ဒဏ္ဍာရီမိုး ထွက်လာရင်လည်း ပရိသတ်ကြီးအားပေးလိုက်ကြပါဦးနော် ။

Source : Born to be Ye Deight's Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။